အလုပ်သမားကို အလုပ်ထုတ်ရာမှ ပါတ်စ်ပို့ အတုပြုလုပ်ပေး


အလုပ်သမားတွေကို အလုပ်ထုတ်ရာတွင် ပါတ်စပို့အတုပေးရာ အလုပ်သမားတွေမှ မကျေနပ်ဘဲ ဆန္ဒပြနေ
YCOW News - Date - 8.09.2010
ထိုင်း-လာအိုနယ်စပ် ခွန်ကယ် (Dechapalich Fishshing net factory) စက်ရုံ အလုပ်သမား (၆) ယောက်အား အလုပ်ထုတ်ပြီး ပါတ်စပို့ပြန်တောင်းရာမှ အလုပ်ရှင်က ဗီဇာအတုကိုပေးသဖြင့် ကျန်အလုပ်သမားတွေပါ မကျေနပ်ဘဲ စက်ရုံရှိ ဗီဇာရှိအလုပ်သမားများနှင့် စုပေါင်းဆန္ဒပြနေကြောင်း ပါတ်စပို့အစစ်ပြန်ပေးရန်ကို တောင်းဆိုနေကြောင်းသိရသည်။
အလုပ်ရှင်မှအလုပ်သမား (၆)ယောက်ကို အလုပ်ပျက်သဖြင့် အလုပ်ထုတ်ခံရသည်။ အဆိုပါအလုပ်သမား (၆) ယောက်မှ အလုပ်ရှင်ထံ

နိုဝင်ဘာ ၇ ရက် မတိုင်ခင် အကြွေး ဆပ်ရန် ဆိုသည့် စာများကပ်

post by - http://freedomnewsgroup.com/
စစ်အစိုးရ ဦးစီးကျင်းပမည့် ရွေးကောက် ပွဲ ရက်အား ကြေညာအပြီး တွင် ရန်ကုန်မြို့  ရှိ
စားသောက်ဆိုင်၊ကုန်ခြောက် ဆိုင် နှင့် ကုန်သည် အချို့ က နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်ခင်
အကြွေးပေးရန် အတွက် ၎င်း တို့  ထံမှ ပစ္စည်း သို့ မဟုတ် ငွေကြေးချေး ယူထားသူများ ကို
အသိပေးထားကြောင်းသိရှိရသည်။

ဆုံးမပါ


ဆုံးမပါ
တဏှာအဆိုး
အမိုက်မျိုးက
မိမျိုးဖကွယ်
သားကွယ်သ္မီး
ရှောင်ကြီးရှောင်ရ
လွန်ခက်လှ၏…၊
အခက်တဏှာ
စိတ်စေရာသို့
ဘယ်ခါမလပ်
သတိချက်၍
မပျက်သွန်သင်
ဆုံးမနှင်လော…။
                                                                                          လွမ်းမျိုးဦး
 (စကားဝါမြေ)

အထီးကျန်သား


အထီးကျန်သား
အဖေ…
လူ့ဘဝမှာခင်
သားချစ်မြင်လို
တောင်းဆုဆိုလဲ
ဘဝကမ္ဘာ
သားစိတ်ရင်မှာ
ဖြေလေရှာပေါ့
အမေ…
လူ့ဘဝမှာခင်
သားချစ်မြင်လို
တောင်းဆုဆိုလဲ
ဘဝကမ္ဘာ
သားစိတ်ရင်မှာ
ဖြေလေရှာပေါ့
သြော်… နှစ်တွေသာပြောင်း
ကျေးဇူးဟောင်းတို့
မပြောင်းမနစ်
ဆက်ဖြစ်မနေသာ
အထီးကျန်နေတာက…
သားပါ…
လွမ်းမျိုးဦး
 (စကားဝါမြေ)

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ပြုစုရာတွင် အဆင့်ဆင့် ပြောင်းလဲလာပုံ

Original post by...snapshot-news
  ၁။ (၂ဝဝ၄)ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ဗိုလ်မှူးရဲထွဋ် (ရဲဘော်သုံးကျိပ်)၊သခင်တင်မြ၊ ဦးအေးမောင် (သမဝါယမ)၊ ဒေါက်တာ ခင်မောင်ကလေး (စိတ်အထူးကု) တို့ကို ရဲဘော် ဘခက်က နံနက်စာ ဖိတ်ခေါ်ကျွေးမွေးပါသည်။ ဗိုလ်မှူးရဲထွဋ်က မောင်မြဦး မြန်မာပြန်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ 'စိန်ခေါ်သံ' စာအုပ်ပါ အချက်များအကြောင်း ပြောကြရင်း ဗိုလ်မှူး ရဲထွဋ်က လွတ်လပ်ရေး၏ထိပ်ဆုံး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည့် စာအုပ်မရှိသေး ကြောင်းပြောပါသည်။
မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ် အောင်ဆန်း၏ နိုင်ငံရေးဆောင်ရွက်မှု၊ စီးပွား ရေးနှင့်ပတ်သက်၍ လမ်းညွှန်မှု၊ စစ်ရေးနှင့် ပတ်သက်၍ စွမ်းဆောင်နိုင်မှု၊ လူမှုရေးနှင့် ပတ်သက်၍လမ်းပြမှု၊ အကျင့်သိက္ခာနှင့် စပ်လျှဉ်း၍ သန့်ရှင်းစင်ကြယ်မှု၊ တိုင်းရင်းသားများ၏ လေးစားယုံကြည်မှု၊ နိုင်ငံသူ၊ နိုင်ငံသားအများစုကြီး၏ ချစ်ခင်လေးစားတန်ဖိုးထားဂုဏ်ပြုခြင်းခံရမှုတို့ကြောင့် မြန်မာ့ လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် 'တုလွတ်ကင်း' သည့် ခေါင်းဆောင်ဟု ယုံကြည်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိပြုစုရာတွင် ပြည့်စုံနိုင်သမျှပြည့်စုံရန် မိမိတို့ဆန္ဒ ရှိကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ထူးချွန်သည့်ဆောင်ရွက်မှုများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ စရိုက်နှင့်ထူခြားသည့် အပြုအမူဖြစ်ရပ်များကို အများပြည်သူတို့ သိရှိစေလိုရင်းဖြစ်ပါသည်။
၂။ ထို့ကြောင့် ကျွန်တော်တို့ သိသော ဗိုလ်ချုပ်အောင်ဆန်း စာမူများရရှိရန် ယခုအချိန်တွင် သက်ရှိထင်ရှားရှိနေသေးသည့် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များထံမှ ပြောပြချက်များ၊ အဖြစ်အပျက်များ၊ စာများ၊ အမှတ်တရဓာတ်ပုံများ၊ ရုပ်ပုံများ၊ စသည်တို့ကို စုဆောင်းရန်နှင့် အကြံပေးချက်များကို ရယူရန်ဖြစ်ပါသည်။
၃။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ ပြုစုရေးအဖွဲ့တွင် ပါဝင်သူတို့မှာ

အမေ

အမေ
ရေကြည်တစ်ပေါက်က
မြင့်မိုရ်တောင်ကို တမ်းတသလိုမျိုး
တိတ်တခိုး အိမ်လွမ်းစိတ်နှင့်
အမေ့ကိုအိပ်မက်မက်တယ်

ဒီအချိန်ဆို အမေအိမ်မှာ ဘာလုပ်နေမလဲ
တစ်ယောက်လျော့နေတဲ့ ထမင်းပွဲ
အမေ မျက်ရည်စို့နေမလား

ငှက်ကလေးတွေ အစာကျွေး
အဝေးကသမီးကို မေတ္တာပို့
အမေမျက်ရည်စို့နေမလား

တောင်ပံရှိပါလျှက်
အပျံခက်တဲ့သမီး ဘဝ
အခုထိတော့ ဝေးနေတုန်းဘဲ

မလှရင်လဲနေပါစေ
အမေလူးပေးတဲ့သနပ်ခါး ဘဲကျားကို ချစ်တယ်
ရင်ထဲတင်းကျပ်သမျှ
အမေ့ကို ဖွင့်ဟတိုင်ပင်ချင်တယ်

စိတ်ကူးနယ် ထဲကအမေ
ဓါတ်ပုံထဲက အမေ
ဖုန်းထဲက အမေ
စာထဲကအမေ ဒါတွေကို မလိုချင်ပါဘူး

အမေ့မေတ္တာရိပ် လုံခြုံတိတ်ဆိတ်တဲ့ အရပ်ကို
ထပ်တူညီရှာတွေ့ဖို့ မဖြစ်နိင်တော့

ကြယ်ကြွေချိန်မှာဆုတောင်း သာပြည့်မယ်ဆိုရင်
အမေ့အိမ်ပြန် ချင်တယ်……
                                     
                             စက်ချုပ်ရုံ အလုပ်သမားတစ်ဦး၏ခံစားချက်(၁၈.၀၇.၂၀၁၀)

သတိထားကြရမယ့် LADY FIRST


သတိထားကြရမယ့် LADY FIRST
                     ကျနော် (၁၅.၀၆.၂၀၁၀) ရက်နေ့က ထိုင်းနိုင်ငံမှာ လုပ်ပေးတဲ့ Passport ကိုကျနော် သွားလုပ်ဖြစ်ခဲ့တယ်... ပါတ်စ်ပို့တင်ထားတာတော့ (3) လပိုင်း လောက်က ပါတ်စ်ပို့တင်ထားတာပါ။ ဒါတွေမပြောတော့ပါဘူး... အခုက (၁၅) ရက်နေ့က သွားတော့ ကျနော်တို့က မဲဆောက် အဖွဲ့ပေါ့လေ။ အဲ့ဒီနေ့က ဘန်ကောက်အဖွဲ့လည်း လာတာ အများကြီးပဲ။ ကျနော်တို့ မြန်မာတွေ တစ်ကယ်တန်းကျတော့ သတ္တိနည်းလိုက်တာဗျာ။ ကြောက်စရာမရှိ ကြောက်နေကြတယ်။ တောမောင်း (ခေါ်) ပလိပ် တွေက ကိုယ့်နာမည် အသက် နေရပ် တွေမေးတယ်။ စက်ရုံ အလုပ်ရုံတွေမှာ ကြတော့ နည်းနည်းလေးမထိလိုက်နဲ့ ချမယ်၊ သတ်မယ်၊ မင်းက ဘာကောင်မို့လည်း၊ အဲ့ဒီလိုပြောနေကြတယ်။
တစ်ကယ်တန်း ပလိပ်နဲ့တွေ့တော့ သူ့အဖေကြနေတာပဲ။ ကြောက်လိုက်တာ ကိုယ့်နာမည်ကိုတောင် မသိတော့ဘူး။ ကိုယ့်မှာလည်း လက်မှတ်တွေက ရှိနေပြီးသားပဲ။ သူက ကျနော်တို့ လူတွေအများကြီး ရှေ့မှာမေးတာဗျာ ဘာကြောက်စရာရှိလည်း။ မေးတာလေးတွေနဲ့ အဖြစ်အပျက်တွေ နည်းနည်းပြောပြမယ်... ရယ်လည်းရယ်ရတယ်... မခံမရပ်နိုင်တာတွေလည်း ရှိခဲ့တယ်။
ပထမ ကရင် တစ်ယောက်ကို မေးတယ်။
ပလိပ်။      ။ မင်းနာမည်ဘယ်လိုခေါ်လည်း
ကရင်။      ။ မောင်.......
ပလိပ်။      ။ မင်းဘာလူမျိုးလည်း .... ခပ်တည်တည်နဲ့မေးတယ်။
ကရင်။      ။ ?????????? ဘာတွေဖြေနေမှန်းကို မသိတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာလူမျိုးဆိုတာ မသိတော့ဘူး။ သူ့ကြည့်လိုက်တော့ ဒူးတွေတုန်းနေတယ်...
                 ဒါမျိုးက မဖြစ်သင့်ဘူး... မေးရင်းနဲ့ ပလိပ်က ဒေါသတွေထွက်လာတာပေါ့။ အဲ့ဒါနဲ့ ကျနော်တို့ စကားပြန်က မေးပေးတယ်။ အဲ့ဒါတောင် မနည်းမေးရတယ်... ကရင်                                  လို့ပြောလိုက်ရင်ရနေပြီပဲ။ ခက်တာက ကိုယ်ဘာလူမျိုးဆိုတာကို မသိတော့ သူတို့ ဘယ်လိုများ ကြီးပြင်းလာသလဲလို့ စဉ်းစားစရာပဲဗျာ။
နောက်တစ်ယောက်
ပလိပ်။      ။ မင်းနာမည်ဘယ်လိုခေါ်လည်း
ဗမာ။        ။ မောင်........
ပလိပ်။      ။ မင်းဘာလူမျိုးလည်း....
ဗမာ။        ။ ဗမာ
ပလိပ်။      ။ ဘယ်မှာနေတာလဲ။
ဗမာ။        ။ ပဲခူး
ပလိပ်။      ။ မိန်းမရှိလား။
ဗမာ။        ။ ရှိတယ်...
ပလိပ်။      ။ မိန်းမနာမည် ဘယ်လိုခေါ်လည်း
ဗမာ။     ။ သူ ဘာပြောရမှန်းမသိဘူး... ပလိပ်က လည်းထပ်မေးနေတယ်... ဒီလူကလည်း တော်တော်လေးကို စဉ်းစားနေတာ ခေါင်းတွေလည်းကုတ်ပေါ့..
                 ကြည့်ရတာ ဒီလူ မိန်းမနာမည်တစ်ကယ်မသိတာလား... မိန်းမတွေများနေတာလား... တစ်ခုခုဖြစ်နိုင်တယ်ပေါ့ဗျာ။ အဲ့ဒါနဲ့ သူက ထသွားပြီးတော့ သူ့ သူငယ်ချင်းကို သွားမေးတယ်... ငါ့မိန်းမနာမည် ဘယ်သူလည်းပေါ့... မေးပြီးတော့ ပြန်ပြောတယ်.... ဒီလိုမျိုးတွေလည်း ရှိသေးတယ်။ ဒါနဲ့ ပလိပ်က သူ့လက်ကိုဆွဲပြီး (မင်) နဲ့ ရေးပေးလိုက်တယ်။ 

Microsoft မှ Windows ရှိပြဿနာများကို ဖြေရှင်းနိုင်သော tool အသစ်တစ်ခုကိုထုတ်လုပ်



Microsoft မှ Fix it Center ဟုခေါ်သော အွန်လိုင်းနှင့် PC အခြေပြု tool တစ်ခုကို စမ်းသပ်စစ်ဆေးလျက်ရှိပြီး ၎င်း tool ဟာ Windows အတွင်းရှိ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Microsoft ၏ Fix it Center ဟာ Windows 7 ရှိ diagnostics ကို ပိုမိုကောင်းမွန်စေပြီး Windows XP နှင့် Windows Vista တို့ရှိ Setting နှင့်ဆင်တူကြောင်း သိရှိရပါတယ်။ Microsoft ၏ tool အသစ်ဟာ beta version အနေဖြင့်သာရှိပြီး download ပြုလုပ်၍သော်လည်းကောင်း အွန်လိုင်းချိတ်ဆက်၍သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ထို Fix it Center ဟာ

မြန်မာနိုင်ငံမှာ ဓါတ်ခဲအဟောင်းတွေစုနေတယ်....


အသုံးပြုပြီးသော Panasonic Evolta ဓာတ်ခဲအဟောင်း (၄)လုံး ပေးအပ်၍ ကန်တော်ကြီး မျှော်စင်ကျွန်း ဝင်ခွင့်ရရှိမည်ဖြစ်သည်။ ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် (၂၄၊၄၊၂ဝ၁ဝ)ရက်နေ့၊ ညနေ (၆)နာရီတွင် Rဇာနည်၊ Lလွန်းဝါ၊ ဟဲလေး၊ ဝိုင်းစုခိုင်သိန်း၊ Jenny၊ Lazy Club တို့ဖျော်ဖြေပွဲ ကြည့်ရှုနိုင်ရန် Evolta ဓာတ်ခဲ အဟောင်း (၄)လုံးဖြင့် ဝင်ခွင့်ရရှိ၍ ကြည့်ရှုနိုင်မည် ဖြစ်သည်ဟု Panasonic ideas for life မှတာဝန်ရှိသူ တစ်ဦးမှ လျှပ်တစ်ပြက်သို့ ပြောကြားခဲ့သည်။
Post by

Zawgyi One ကို အင်စတောလုပ်လိုက်ပါ...

ဇော်ဂျီ( ၁ ) ဖောင့် နှင့် ကီးဘုတ် များကို အင်စတော လုပ်ပြီးလို့ စက်မှာ မြန်မာလို ရိုက်လို့ မရသေးရင်တော့ ယခု လင့်ကနေဒေါင်းပြီး အင်စတော လုပ်လိုက်ပါ...အဆင်မပြေသေးရင်တော့ ကျနော့ အီးမေးလ်ကို ဆက်သွယ်ပါ... သူငယ်ချင်းတစ်ယောက်ကို ပြောပြထားတာပါ...
Mediafire ဒါက FileDenမှာပါ... အဆင်ပြေတဲ့ နေရာကိုသွားဒေါင်းလိုက်ပါ...

Download From soft82.com        Download From soft82.com

မြန်မာပြည်သူတို့၏ ပြည်သူ့ဂုဏ်ရည်အဖြစ် အမည်စာရင်းဆန္ဒပြုခံရသူများ စာရင်း ထုတ်ပြန်

Original News Source : Moemakha (မိုးမခ)
          ပြည်ပရောက်မြန်မာများစုစည်းပြီး မြန်မာပြည်တွင်းရှိ လူမှုလုပ်ငန်းစေတနာ့ဝန်ထမ်း စွမ်းဆောင်သူများကို ဂုဏ်ပြုချီးမြှင့်မည့် ပြည်သူ့ဂုဏ်ရည် အစီအစဉ်၏ တတိယအကြိမ်မြောက် သတင်းထုတ်ပြန်ချက်တွင် ပရိသတ်များ၊ မြို့နယ်အလိုက် ဖြစ်မြောက်ရေးအဖွဲ့ဝင်များက ၀ိုင်းဝန်း ဆန္ဒပြုကြသည့် အမည်စာရင်းများကို စုစည်းထုတ်ပြန်လိုက်သည်။
Burma Citizen
စာရင်းတွင် ဂုဏ်ပြုလိုသည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ၁၇ ခု ပါရှိသည်ကိုတွေ့ရသည်။ အမည်စာရင်းတင်သွင်းခြင်းကို အင်တာနက်နှင့် အီးမေးများကတဆင့် ဆက်လက် လက်ခံနေပြီး၊ ထိုပုဂ္ဂိုလ်များ၊ အဖွဲ့များ၏ ဖြစ်စဉ်အချက်အလက်များကို သီးခြား အပြည့်အစုံ ပြုစုဖော်ပြရန် စီစဉ်နေသည်ဟု ဆိုသည်။ ယခုလောလောဆယ်တွင် သတင်းထုတ်ပြန်ချက် အမှတ် ၃ မှာ တင်ပြထားသည့် အကျဉ်းကိုသာ မိတ်ဆွေများ၊ အလှူရှင်များအတွင်းသို့ ဖြန့်ချိပေးမည် ဖြစ်သည်။

ယခုနှစ် ရန်ကုန်သင်္ကြန် ပွဲတော်အတွက် စည်းကမ်းချက် ၃၉ ချက်ထုတ်ပြန် သင်္ကြန်မဏ္ဍပ်များရေဆက်သွယ်ပါက ၁ လက်မနှင့် ၁ လက်မခွဲတစ်ပိုက်လျင် ကျပ် ၆၀၀၀၀ ပေးသွင်းရမည်ဟု မြို့တော်စည်ပင်မှ သတ်မှတ်ထား


ရန်ကုန်သင်္ကြန်ပွဲတော်အတွက် ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်များအား စတင်လျောက်ထားနိုင်ပြီဖြစ်ပြီး သင်္ကြန်နှင့်ပတ်သက်သည့် စည်းကမ်း ချက် ၃၉ ချက်ကို မဏ္ဍပ်များနေရာ ချထားပေးရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီမှ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

တောင်ကိုရီးယား သင်္ဘောနစ်မြုပ်မှုသည် မြောက်ကိုရီးယားလက်ချက်ဟု အမေရိကန်သံသယရှိ

      တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား အငြင်းပွားရေပိုင်နက် အနီးတွင် တောင်ကိုရီးယားရေတပ်စစ် သင်္ဘော Cheonan ကို နစ်မြှုပ်စေခဲ့သော ပေါက်ကွဲမှုတွင် မြောက်ကိုရီးယား ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း  ဖြစ်နိုင်ခြေများကို တောင်ကိုရီးယား က ပယ်ချခဲ့ခြင်းမရှိဘဲ စစ်တပ်ကို တပ်လှန့်ထားရန် သမ္မတလီမြောင်ဘတ်က ညွှန်ကြားခဲ့သည်။ 

ယောနယ်တွင် နွေရာသီသွားလာရေးအတွက် ကိုယ့်အားကိုယ်ကိုး ၀ါးတံတားလေးများကို အားကိုးသွားရ

ပွင့်လင်းရာသီရောက် ချိန်တွင် ယောနယ်၌ သွားရေးလာရေး အဆင်ပြေစေရန် ချောင်းကူး၊ မြစ်ကူးဝါး တံတားလေးများဖြင့် ကိုယ့်အားကိုယ်ကိုးပြု လုပ်ကာ သွားလာနေရကြောင်း သိရသည်။

သင်္ကြန်တွင်းကုသိုလ်ရေးနှင့် ပျော်မွေ့ကြမည့်အနုပညာရှင်များ


မြန်မာနှစ်သစ်ကူးသင်္ကြန်အခါသမယသို့ မကြာမီကာလအတွင်း ရောက်ရှိတော့မည်။ သင်္ကြန်ကာလတွင် ဖျော်ဖြေရေးအဖြစ်တစ်မျိုး၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲ၍တဖုံ ပုံစံအမျိုးမျိုးဖြင့်ဆင်နွှဲကြမည့် အနုပညာရှင်များရှိနေသကဲ့သို့ ယခုနှစ်သင်္ကြန်ချိန်ခါတွင်တရားစခန်းဝင်ခြင်း၊ ရဟန်းဘောင်ဝင်ခြင်းအစရှိသည့် ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းရန် စီစဉ်နေကြသူများလည်းရှိနေကြပြန်သည်။ မြန်မာနှစ်သစ်ကူးကာလတွင် ဟိန်းဝေယံ၊ သင်ဇာဝင့်ကျော်၊ မေကဗျာ၊ မင်းသွေး၊နိုဘယ်လ်ကျော်ကျော်၊ မိုးအောင်ရင်၊ မမများအဖွဲ့၊ ရတနာခင်၊ ဒါရိုက်တာကြည်ဖြူသျင်စသည့် အနုပညာရှင်အချို့သည် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ တရားစခန်းဝင်ခြင်း၊ သာသနာ့ဘောင်သို့ ၀င်ရောက်ခြင်းစသည့် ကုသိုလ်ကောင်းမှုအဖုံဖုံဖြင့် သင်္ကြန်ကာလအားဖြတ်ကျော်ရန် စီစဉ်လျက်ရှိရာ . . . .

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအသင်းသို့ ၀င်ရောက်မည့် အသင်းသားအသစ်များ ပါတီနိုင်ငံရေးကင်းရှင်းမှသာ ၀င်ခွင့်ပြုမည်

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘော သားများအသင်းသို့ဝင်ရောက်မည့်အ သင်းသားအသစ်များကို ပါတီနိုင်ငံရေး ကင်းရှင်းမှသာ ၀င်ခွင့်ပြုတော့မည်ဖြစ် ကြောင်း မိုဆာအသင်းမှတာဝန်ခံ ဦး မင်းဇော်က ပြောသည်။

နေပြည်တော် မြို့နယ်သစ် ငါးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံးများ တစ်ပြိုင်တည်းဖွင့်မည်


နေပြည်တော်ခရိုင်အတွင်း တိုးချဲ့တည်ဆောက် လျက်ရှိသည့် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျာသီရိ မြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့ နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့ဖြစ်သော မြို့နယ် ငါးမြို့နယ်တွင် ဖွင့်လှစ်မည်ဟု နေပြည် တော်ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်း သိမ်းမှုကြီးကြပ်ရေးကော်မတီ (၉/၂၀၁၀) အစည်းအဝေးမှ သိရသည်။
    နေပြည်တော် ခရိုင်မြို့နယ်သစ် ငါးခုရှိ အုပ်ချုပ်ရေးရုံးများအား သိဏ်းကုမ္ပ ဏီ၊ ဒိုင်းမွန်းမာကျူရီကုမ္ပဏီ၊ အော်ရီဂျင် နယ်ဂရု(ပ်)၊ A1 နှင့် TZTN ကုမ္ပဏီများမှ တာဝန်ယူတည်ဆောက်ပေးခဲ့သည်။

ပုံဝါသနာပါလို့ပါ

ဒီပုံတွေကို ဒီမှာ အသေးစိတ်သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ကမ္ဘာကြီးပေါ်မှာ Portable , Mobile နဲ့နေကြတာပေါ့...

ဒီကနေ ပုံတွေကို ဆက်ကြည့်နိုင်ပါတယ်...ဒီလိုမျိုးနေရရင် မကောင်းဘူးလား။ ကမ္ဘာကြီးပေါ်မှာ Portable , Mobile နဲ့နေကြတာပေါ့... 

“မင်း ခံစားမှ သိမယ်”

"မင်း ခံစားမှ သိမယ်"

ကျနော်ကတော့ အခုလိုခေါင်းစဉ်ကိုပြောင်းလိုက်တယ်... 
အမှန်က “ မင်း....သိမယ် ” ဆိုတဲ့ခေါင်းစဉ်ပါ...
မင်းဆင်းရဲခဲ့ဖူးမှ
ဆင်းရဲတဲ့ ခါးသီးမှုကိုသိမယ်၊
မင်းချမ်းသာခဲ့ဖူးမှ
မအေးချမ်းတဲ့ ရသကိုသိမယ်၊
မင်းအယုအယ ခံစားဖူးမှ
အချစ်အကြင်နာတရားကိုသိမယ်၊
မင်း ချစ်ကြင်သူ ဆုံးပါးခဲ့ဖူးမှ
အထီးကျန်ဘဝကို သိမယ်၊
မင်းအတ္တဆန်ခဲ့ဖူးမှ
ပရဟိတသမားကို သိမယ်၊
မင်းလောဘဇောတက်ခဲ့ဖူးမှ
သန္တိသုခရောင့်ရဲစိတ်ကို သိမယ်၊
မင်းကြောက်ရွံ့ နောက်တွန့်ခဲ့ဖူးမှ
ကိုယ်ကျိုးစွန့်စိတ်ကို သိမယ်၊
မင်းအိုမင်းမစွမ်းချိန်ရောက်မှ
နုနုငယ်ငယ် ဘဝကို လွမ်းဖို့သိမယ်၊
မင်းဘဝစဆုံး စေ့စေ့တွေးခဲ့ဖူးမှ
ဘယ်သူမှ ဘာမဟုတ်တာကို သိမယ်၊
မင်းအားလုံးသိတယ် အထင်ကြီးပြီးမှ
ဘာမှ မသိသေးဘူးဆိုတာသိမယ်၊
ငါတော့ ဘာမှ မဟုတ်၊ ဘာမှ မသိသေးဘူးဆိုတာကို
ဒီနေ့ သိလိုက်ရတယ်။...။
  ကလျာ မဂ္ဂဇင်း
ဒီဇင်ဘာ ၂၀၀၉
စိုးလှိုင်တင့်