မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအသင်းသို့ ၀င်ရောက်မည့် အသင်းသားအသစ်များ ပါတီနိုင်ငံရေးကင်းရှင်းမှသာ ၀င်ခွင့်ပြုမည်

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘော သားများအသင်းသို့ဝင်ရောက်မည့်အ သင်းသားအသစ်များကို ပါတီနိုင်ငံရေး ကင်းရှင်းမှသာ ၀င်ခွင့်ပြုတော့မည်ဖြစ် ကြောင်း မိုဆာအသင်းမှတာဝန်ခံ ဦး မင်းဇော်က ပြောသည်။

 
မိုဆာအသင်းအနေဖြင့် သင်္ဘော သားများ၏ကိစ္စရပ်များကို ဆောင်ရွက် နေသောအသင်းအဖြစ် နိုင်ငံတော်အ သိအမှတ်ပြု တရားဝင်အဖွဲ့အစည်းဖြစ် ခြင်းကြောင့် ပါတီနိုင်ငံရေးကင်းရှင်းမှ အသင်းဝင်ခွင့်ပြုသွားမည်ဖြစ်ကာ အ သင်းဝင်အသစ်လျှောက်ထားသူများ ကိုလည်း သေချာစွာစိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီအသင်းက အခုနောက်ပိုင်း ကစပြီး အသင်းဝင်အသစ်တွေကို ပါတီ နိုင်ငံရေးကင်းရှင်းမှုရှိမရှိ အဓိကစိစစ် သွားမှာဖြစ်ပါတယ်။ မကင်းရှင်းခဲ့ရင် လုံး၀၀င်ခွင့်ပြုတော့မှာမဟုတ်ပါဘူး။ ဘာ လို့လဲဆိုတော့ အသင်းက နိုင်ငံရပ်ခြား တိုင်းပြည်တွေနဲ့လည်း ဆက်ဆံနေရ တယ်။ နိုင်ငံတော်ကလဲအသိအမှတ် ပြုထားတဲ့အဖွဲ့အစည်းဖြစ်နေလို့ပါ"ဟု တာဝန်ခံဦးမင်းဇော်ကပြောသည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘော သားများအသင်းတွင် ယခုချိန်အထိ အသင်းဝင်သင်္ဘောသားပေါင်း ၃၀၀၀၀ နီးပါးရှိနေပြီဖြစ်ကာ သင်္ဘောသား နာ ရေးဖြစ်ပါက အသင်းဝင်မဟုတ်သော်လည်း ကရုဏာကြေးငွေ ၃၀၀၀၀ပေးအပ် ကြောင်း သိရသည်။

No comments:

Post a Comment