Window 7 - Software များ install လုပ်မရခြင်း

နောက်တစ်ခု software တစ်ခုခုကို အင်စတောလုပ်မယ်ဆိုရင် မရတဲ့အကြောင်းလေးကို ရှင်းပြပါရစေ။ Software ကိုအင်စတေ လုပ်လိုက်ရင် အခုလိုပေါ်နေမယ်ဆိုပါစို့…





ဒါဆိုရင်တော့ ဒီလိုလေးဆို ရသွားပါတယ်။
ကျနော်သုံးနေတာက Window 7 ပါ။
(၁) ပထမဆုံး Start Up ကနေ "Local Security Policy" ဆိုပြီး ရိုက်ရှာလိုက်ပါ။ တွေ့တာနဲ့ Enter ကိုခေါက်လိုက်ပါ။




(၂) Software Restriction Policies ဆိုတာကို နှိပ်လိုက်ပါ။




(၃) "enforcement" ကို Right Click နှိပ်လိုက်ပါ။ Properties ကိုနှိပ်လိုက်ပါ။




(၄) “All users except local administrators” ဆိုတဲ့ဘေးကအကွက်လေးကို ကလစ်တစ်ချက်နှိပ်လိုက်ပါ။




ပြီးရင် Apply ( Ok ) ထပ်နှိပ်လိုက်ရင် အဆင်ပြေသွားမှာပါ။


ပြီးတာနဲ့ပိတ်လိုက်ပါ။ Software ကို install ပြန်လုပ်ကြည့်ပါ။ ကျနော်ကတော့ ရတယ်။ ဒါပေမယ့် AVG & Panda တို့ကို install လုပ်လို့မရပါဘူး။ Microsoft Essential ကိုတော့ ရသွားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်စက်ထဲမှာ Virus ကိုက်သွားလို့ ပျက်သွားတဲ့ဖိုင်တွေမနည်းပါဘူး။ ဝင်းဒိုးကို ပြန်တင်မှ ရမယ့် အနေအထားဖြစ်နေပါတယ်။

ကျနော်မနေ့က နေ့လည်ပိုင်း တစ်ချိန်လုံး ထိုင်ရှာလိုက်တာ အခုလိုမျိုးတွေတွေ့လို့ ပြန်လည်မျှဝေလိုက်တာပါ။ အမှားပါရင်လည်း ပြင်ပေးစေချင်ပါတယ်။

Virus ကိုရှင်းမည်...

ကျနော်စက်မှာ mgy.exe & csrss.exe ဆိုပြီး ဗိုင်းရပ်စ်ရှိနေတယ်။ csrss.exe ဆိုတာက (Msmsgs – C:\Windows\system32\{271287-000021-100287-705016}\csrss.exe) အဲ့လိုမျိုးပေါ်ပါတယ်။

ကျနော်အခု ဒီ RegUtility 4 နဲ့စစ်လိုက်တာ error ဘယ်လောက်များတယ်ဆိုတာ ကြည့်ကြပါဦး…
ဒါပေမယ့် ကျနော် ကီးမရတာနဲ့ ဘာမှလုပ်လို့မရဘူး…





အခုစက်ထဲမှာရှိတဲ့ mgy.exe & csrss.exe ကိုရှာဖွေတွေ့ရှိတဲ့ Registry Easy 5.6 ကိုအကြောင်းပဲ ပြောပြပါတော့မယ်။




သူ့ကို Scan & Clean ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပြီး အောက်ဆုံးက Next ကိုနှိပ်လိုက်ရင် Select All ဆိုတဲ့ အကွက်ထဲမှာ အမှန်ခြစ်လိုက်ရင်ကောင်းပါတယ်။ မလိုရင်တော့ လိုတာကိုပဲ ကလစ်နှိပ်ပါ။ ပြီးရင် Next ကိုပဲ ထပ်နှိပ်ပါ။ စစ်နေပါလိမ့်မယ်။ ပြီးသွားရင်တော့ သူရှာတွေ့တဲ့ဟာတွေပေါ်လိမ့်မယ်။ Next ထပ်ပေးလိုက်ပါ။ အခုလိုပေါ်လာပါမယ်။ အမှိုက်ပုံးထဲကို Move files to Recycle Bin (recommended) ဆိုပြီး အမဲရောင်လေးပြနေပါတယ်။




Next ထပ်နှိပ်လိုက်ရင်တော့ အမှိုက်ပုံးထဲကိုရောက်သွားမှာပါ။ ပြီးရင်တော့ Finish ပေါ့။ ကျန်တာတွေကိုလည်း ဘေးက Tools box ထဲမှာ တစ်ခုချင်းနှိပ်ပြီးတော့ စစ်လိုက်ပေါ့။ ကျနော်တော်တော်လေးလေရှည်နေတယ်ထင်တယ်…. ကဲကဲ.. ဆက်ကြည့်လိုက်ပါဦး။

ပြီးရင်တော့ System Tools ကိုနှိပ်လိုက်ရင် အောက်မှာ Startup Manager ဆိုတာကိုတွေ့လိမ့်မယ်။




တွေ့ရင်တော့ဖြင့် ညာဘက်အကွက်ထဲမှာရှာကြည့်လိုက်ပါ။ mgy.exe & Msmsgs.exe ဆိုတာကိုတွေ့ရင် အကွက်ထဲမှာ အမှန်ခြစ်လိုက်ပါ။ ပြီးရင်အောက်ဘက်မှာ Remove Selected နဲ့နှိပ်လိုက်ပါ။ နှိပ်လိုက်တာနဲ့ ရှင်းလိုက်သလိုဖြစ်သွားတယ်ထင်တာပဲ ။
ကျနော့ဆီမှာတော့ မပေါ်တော့ဘူး။ အရင်က စက်ကိုစဖွင့်လိုက်တာနဲ့ pop up window နဲ့ တစ်ခုပြီး တစ်ခုတက်လာတယ်။ အခုတော့ မတက်လာတော့ဘူး။ ကဲ…. အဲ့ဒီ Remove Selected ကိုနှိပ်ပြီးရင် အပေါ်မှာရှိနေတဲ့ Restore List ကိုနှိပ်ကြည့်လိုက်ပါ။




ခုနကဖျက်ထားတာကို တွေ့ပါလိမ့်မယ်။
ဒါကတော့ ကျနော့စက်မှာ ဗိုင်းရပ်စ်ကို ရှင်းလိုက်တဲ့ Software အကြောင်းလေး ပြောပြတာပါ။

ဝင်းဒိုး 7 ပြဿနာတစ်ခု ဖြေရှင်းရန်နည်းလမ်း


  • The User Profile Services services failed the logon
      • User profile cannot be loaded.
အကောင့်ဝင်တဲ့အချိန်မှာ ယခုလိုစာတန်းပေါ်လာခဲ့ရင်ပေါ့။ ဒီပြဿနာကို ကျနော့်စက်မှာ မနေ့ကဖြစ်သွားတော့ စိတ်ပျက်သွားတယ်။ စက်ကလည်းကောင်းကောင်းမသုံးတတ်။ 
ကဲ ဒီနေ့တော့ နောက်စက်တစ်လုံးနဲ့ အင်တာနက်မှာ ရှာလိုက်တယ်။ တွေ့ပါတယ်။ 
ကျနော် လိုက်လုပ်တာအဆင်ပြေလို့ရှယ်ယာလုပ်လိုက်တာ။
မှားတာပါရင်လည်း ပြင်ပေးကြပါ။ ပြဿနာဖြစ်ပုံကိုအရင်ရှင်းပြမယ်။
လေရှည်နေတယ်မထင်နဲ့ဦး...
ကျနော် အခုတင်လိုက်တဲ့ပုံတွေက Window7 နဲ့ရှာတာမတွေ့လို့ Visita နဲ့သူများ Video နဲ့ရှင်းပြထားတာကို Print Screen ဖမ်းပြီး ပြန်တင်ပေးထားတာပါ။
ပထမဆုံး စက်ကိုဖွင့်ရင် User account ဆိုပြီး ပေါ်လာမယ်။ ကိုယ်က အရင်တိုင်းပဲ ရိုက်ထည့်လိုက်မယ်ဆိုပါစို့။ ဒါပေမယ့် အာက်က ပုံလိုပေါ်နေမယ်ဆိုလျှင်... အနီရောင် စာကြောင်းတွေကို ကြည့်ပါ။

 
အပေါ်ကပုံလိုပေါ်လာရင်လည်း Ok ပေးလိုက်ပါ။ ကိစ္စမရှိပါဘူး။ 
ကဲ ok ပေးလိုက်ပြီးဆိုရင်လည်း ကိုယ့်ရဲ့ Admin အကောင့်ပဲ ပြန်ပေါ်ပါမယ်။ 
ကဲ Admin ကနေမရဘူးထားပါတော့။ Switch User ကိုနှိပ်ပြီး
Guest acc: ကိုသွားမယ်ဆိုပါစို့။ နှိပ်လိုက်ရင် အောက်က ပုံလိုထပ်ပေါ်နေမယ်။ 


အပေါ်မှာပြထားတဲ့ Other User ဆိုတဲ့နေရာမှာ Logo တစ်ခုခု (ဥပမာ ပုံလေးတစ်ခုခု ထည့်ထားခဲ့ရင်) ပေါ်ရမယ်။ အခုတော့ သူက မပေါ်ဘူးခင်ဗျ။
တစ်ကယ်လို့ Other User ကိုနှိပ်လိုက်ပြန်ရင်လည်း အောက်က ပုံလေးလိုပေါ်နေပါလိမ့်မယ်။ အဲ့ဒီမှာ Name & Password ကိုတောင်းပါလိမ့်မယ်။ ကျနော်ကတော့ မပေးထားတော့ ဘာရိုက်ရမလဲပေါ့။ အရင် admin က နာမည်နဲ့ Pass ကိုပေးတော့လည်း မဟုတ်ဘူးတဲ့။ ကဲပုံကို ကြည့်လိုက်ပါဦး.........


Piriform Utilities 2011 Portable ( ML CCleaner, Defraggler, Recuva ) 3 in one

( CCleaner, Defraggler, Recuva ) 3 in one portable (2011)  လေးပါ။ စမ်းသုံးကြည့်ပါ။

 

ဒီမှာ သွားဒေါင်းပါ။ 

အသေးစိတ် ဖတ်ချင်ရင်.... http://www.dl4all.com/portable/1153781-piriform-utilities-2011-portable-ml.html

Window Myanmar Translator


မနေ့က သူငယ်ချင်းတစ်ယောက်က အခုတင်ပေးလိုက်တဲ့ ဆော့ဖ်ဝဲကို သူသုံးတာ အရမ်းကောင်းတယ်လို့ပြောတော့ ကျနော်လည်း စမ်းသုံးကြည့်လိုက်တာ... အရမ်းကြိုက်သွားတယ်။ ဒါနဲ့ကျနော်လည်း မသိသေးတဲ့ သူတွေအတွက်နဲ့ ကျနော့်ရဲ့မှတ်စု သဘောပေါ့ ပြန်ပြီး Upload တင်ပေးလိုက်တယ်။ သုံးကြည့်ပါ။ ဘာသာပြန်ပေးတာကောင်းတယ်။ မြန်မာစာကိုတော့ ကိုယ့်ဘာသာရှေ့၊ နောက် ပြန်စီပေါ့.... ဒီလင့်မှာ ဒေါင်းပါ။
အင်တာနက်မရှိလည်း သုံးလို့ရတယ်...

 

Shweyoe Dictionary Version 2.0

ရွှေရိုးအဘိဓာန် မြည်းစမ်းကြပါစို့   ဒီနရာကနေ ဝင်ရောက်ဖတ်ပါဦး

 


JPG ဓါတ်ပုံများကို PDF ပြောင်းတဲ့ Software

ကီးဘုတ် အခြေခံ တီးနည်း

Unlimited Free Image and File Hosting at MediaFire
ကျနော့ဆီမှာ ရှိတဲ့ အခြေခံကီးဘုတ် တီးခတ်နည်း PDF File နှင့်တကွ Mp3 ဖိုင်များကို တင်ထားလိုက်ပါတယ်။ PDF File ကဒီနေရာမှာ သွားဒေါင်းလိုက်ပါ။ Mp3 file ကဒီမှာပါ။


Microsoft Word 2007 တွင် New Tab အသုံးပြုခြင်း


Office Word တွင် New Tab  အသုံးပြုရတာ ကောင်းတယ်။ ဖိုင်တွေ အောက်က Task Bar မှာ ရှာစရာမလိုတော့ဘူး။ Register key လဲပါတယ်။ သုံးကြည့်ပေါ့။ ဒီနေရာမှာဒါင်း လိုက်ပါ။

PDF to EXCEL Converter Software v3.0.0-GOTD

Convert PDF To Excel Document Just In Only 3 Clicks. Fast - New PDF To Excel Converter conversion engine, 160% faster than other Converter. Page Range - Convert Selected Pages of PDF document To Excel format. Batch Mode - Convert HUNDREDS of PDF Files to Excel XLS at One Time.

Key Features
Convert PDF to Excel - Convert PDF to Excel XLS format, you can edit PDF forms in MS Excel.
No Need Microsoft Excel Installed - PDF To Excel Converter can convert PDF to Excel without Microsoft Excel installed.
Full Conversion - PDF To Excel Converter will not only convert forms, but also keep all PDF text into Excel result file.
Easy To Use - With PDF To Excel Converter, you can convert PDF to Excel in only 3 Clicks.
Fast Conversion - PDF To Excel Converter conversion engine is 160% faster than other PDF converters.
Batch Mode - You can convert hundreds of PDF documents to Excel XLS files with batch mode.

Download Link :
http://www.filesonic.com/file/1699815271

ကျနော် ပြန်ပြီး upload တင်ထားပါတယ်။ ဒေါင်းလိုက်ပါ။



Password: lobitikezaco

Score Link ; http://www.dl4all.com/software/1022019-pdf-to-exce-converter-v300-gotd.html

ဘာသာစကား (၂၄ ) မျိုးမှ မြန်မာဘာသာသို့ ဘာသာပြန်နိုင်

ကျနော့ကို မေးထားလို့ သိသလောက် ပြန်ဖြေပေးပါမယ်။ ကျနော်လည်း အားလုံးကိုတော့ မစမ်းသပ်ထားပါဘူး။
ဒါပေမယ့် ကျနော်အခု ပုံနှင့်တစ်ကွ ပြန်ရှင်းပေးထားပါတယ်။







အပေါ်မှာ ပြထားတဲ့ ပြောင်းလို့ရတဲ့ ဘာသာစကားတွေကို မြင်နိုင်ပါတယ်။ အားလုံးကတော့ မပြည့်စုံဘူးပေါ့လေ။ ကျနော်က လေ့လာနေတဲ့ သူတစ်ယောက်ပါ။ သူများတွေပြောတာ ကြားဖူးတယ်။ ကကြီးရေးဖို့ ကျောက်တံ သွေးနေတုန်းဆိုသလိုပေါ့။ အခုလို ဘလော့ဂ်ကို လာရောက်အားပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။ ဒီ နေရာမှာ မေးထားတာကို ပြန်ဖြေပေးထားတာပါ။

ကနောင် Converter

မိမိစက်ထဲမှာရှိနေတဲ့ ဇော်ဂျီဖောင့်(သို့မဟုတ်) အခြားဖောင့် ဝင်းအင်းဝဖောင့် ဖြစ်စေ၊ မြန်မာသရီးဖောင့်ဖြစ်စေ အလွယ်တကူပြောင်းလဲလို့ရနိုင်တဲ့ ဖောင့်ကွန်ဗာတာလေးတစ်ခုပါ။ ပြောင်းလို့ရနိုင်တဲ့ ဖောင့်အမျိုးအစားတွေကို သိချင်ရင် ဖောင့်ကွန်ဗာတာမှာပါတဲ့ ဘယ်ညာနှစ်ဖက်စီက ဖောင့်အညွှန်းတွေကို မောက်စ်နဲ့ကလစ်ထောက်ပြီး ကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခုသတိပြုရမှာက ဇော်ဂျီကနေ ဝင်းအင်းဝပြောင်းချင်တယ်ဆိုပါစို့။ ဇော်ဂျီတော့ရှိပါရက်နဲ့ ဝင်းအင်းဝဖောင့် မရှိရင် မိမိပြောင်းလိုက်တဲ့ ၀င်းအင်းဝဖောင့်က စာတွေမြင်ရလိမ့်မည်မဟုတ်ပါ။ ဒီ့အတွက် ဖောင့်အမျိုးအစားတွေ ရယူထားဖို့ လိုအပ်ပါသည်။ ကဲ ဒီမှာ သွားဒေါင်းလိုက်ပါ။

အနှိုင်းမဲ့ ဆရာမေတ္တာ


အနှိုင်းမဲ့ ဆရာမေတ္တာ

ဆရာ့မေတ္တာ စမ်းရေပမာ
အေးချမ်းသော်လည်း
နွေမှာ ခမ်းတတ်သည်…
ဆရာမေတ္တာ ပန်းရွှေကြာ
သင်းပျံ့ပါလည်း
နေမှာ နွမ်းတတ်သည်…
ဆရာ့မေတ္တာ မီးအိမ်ပါ
ထွန်းလင်းသော်လည်း
တစ်ချိန် တစ်ခါ ငြိမ်းတတ်သည်…
နှိုင်းယှဉ်ပမာ မိုးကုတ်စက်ဝိုင်း
ကောင်းကင်ပြင်အလား
အဆုံးအစမရှိပါတကား…။
" ဆရာတွေရဲ့ မေတ္တာဟာ အနှိုင်းမရှိ ၊ အဆုံးမရှိကြောင်းကို ပုံဖော်လိုခြင်း။ "
5.Oct.2010 World Teachers Day
ဘန်နွန်းဘဝအရည်အသွေး
 မြှင့်တင်ရေး စာသင်ကျောင်းမှ -
 ဆရာမ မပိုးစန္ဒီ

ဘာသာစကား (၂၄ ) မျိုးမှ မြန်မာဘာသာသို့ ဘာသာပြန်နိုင်



     ဘာသာစကား (၂၄) မျိုးမှ မြန်မာဘာသာသို့ ဘာသာပြန်နိုင်ပါတယ်။ ဒီဆိုဒ်မှာ သွားကြည့်ပါ။  မြန်မာဘာသာသို့ ပြန်ဆိုမည့် သူများအတွက် လွယ်ကူ အဆင်ပြေစေပါသည်။ ၎င်း website မှ ဘာသာပြန်ပေးနိုင်တဲ့ ဘာသာ စကား (၂၄)မျိုးတို့မှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကား (၂၄)မျိုး ကို မြန်မာ ဘာသာသို့ ပြန်ဆိုနိုင်မည်ဖြစ်သည်။ ၎င်းဆိုဒ်မှ ကူးယူဖော်ပြထားပါတယ်။ ကော်ပီတွေ များတယ်နော့ .... ဟဲဟဲ။ အမှန်ကတော့ ကျနော်ရဲ့ မှတ်တမ်းတစ်ခုလိုမျိုးပဲ သဘောထားပြီး တင်နေတာပါ။ ကျေးဇူးတင်ပါတယ်။

City FM - 9

ကျနော်လည်း ဘလော့ဂ်မတင်ဖြစ်တာ ကြာသွားတယ်။ အလုပ်မအားတာလည်းပါတယ်။ ကွန်ပြူတာနဲ့ ဝေးနေတာလည်းပါတယ်။ အခုတော့ Myanmarmp3 album site ကနေတွေ့လို့ City Fm-9 ကိုပြန်တင်ထားပေးပါတယ်။ အားလုံးနားဆင်ကြည့်ကြပါ။

The Best Of Everlasting Hits

English Songs
  


01/ LEMON TREE                             02/ I JUST CALLED TO SAY I LOVE YOU
03/ CARELESS WHISPER                  04/ ONE MORE NIGHT
07/ STAND BY ME                           08/ SAY YOU SAY ME
09/ ISLAND IN THE STREAM            10/ SUMMER KISSES WINTER TEARS
11/ DIANA                                      12/ HELLO
13/ LYIN’ EYES                                14/ STAY AWHILE
15/ IT’S TOO LATE                          16/ UP WHERE BELONG




From Paris with Love 2010 Action

 
From Paris with Love 2010
Fileserve
http://www.fileserve.com/file/ACQkRq9/BKP_FPWLVE.part1.rar
http://www.fileserve.com/file/5DZft8W/BKP_FPWLVE.part2.rar
http://www.fileserve.com/file/9mujyj9/BKP_FPWLVE.part3.rar
Password : lucky 
Original Link:  http://www.downloadvilla.com/from%20paris.html 
 

Ong Bak 3 Full Movie Action

 
 Ong Bak 3 Full Movie

  Download Link:  ONG BAK

Original Link; 
http://www.prlog.org/11192891-mediafire-link-ong-bak-3-full-movie-download-ong-bak-3-in-premium-speed.html


Death Race 2 (2010) Action

 
Release Name : Death Race 2 (2010) UNRATED mHD 6CH [700MB]
Soucre Name : Death Race 2.2010.720p.DTS.dxva.x264-FLAWL3SS [Thanks!]
Encoder : Jcberry526
Format : Matroska
Encoded date : 26/01/2011
IMDB Ratings : 5.6/10 (3,087 votes)
Genre : Action | Sci-Fi | Thriller
Overall bit rate : 979 Kbps
File size : 702 MiB
Number of Files : 1
Language : English
Subtitles : N/A
Release Runtime : 1h 40mn

DOWNLOAD MOVIES



Office Ultimate 2007



 http://www.windows7download.com/win7-microsoft-office-2007/ubbssfvh.html

အထက်ပါဆိုဒ်တွင် ဒေါင်းလုပ်ကိုသွား၍နှိပ်ပါ။ ကျနော်ကတော့ သုံးနေတယ်။ Active ဖြစ်အောင်တော့ မလုပ်တတ်ဘူး။ သိရင်ပြောပြပေးပါ။ Key ကိုတော့ ရှာတွေ့ထားပါတယ်။ တင်ပေးလိုက်ပါတယ်။


Micorsoft office 2007

this is key....

HRQ6C-6YW49-RB329-J2W37-9WTBT


post by ; Thein tin

မဲဆောက်ဒေသတွင် အလုပ်သမားများ လက်မှတ်မရှိ၍ ဖမ်းခံခြင်းများနှင့် ကြုံတွေ့နေခြင်း

၈.၁.၂၀၁၁ ရက်နေ့ ညနေ (၄း၀၀)ခန့်တွင် ကွမ်ရုံ(စက်ချုပ်ရုံ) တွင် တောမောင်းများသည် မြန်မာ လုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်၊ လက်မှတ်များစစ်ဆေးရာ မည်သည့်အထောက်အထားမှ မရှိသဖြင့် မြန်မာအလုပ်သမား (၁၁၀) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ကျား (၃၀) ဦးကျော်နှင့် မ (၇၀)ဦး ခန့် ဖြစ်ပါတယ်။ ရဲစခန်းတွင် စစ်ဆေးပြီး အချုပ်ခန်းတွင်းသို့ ပို့ဆောင်ခဲ့ပါတယ်။ ၎င်းညတွင်းချင်းပင် အလုပ်သမားများ အစားအစာမစားရသေးသောကြောင့် အလုပ်သမားအဖွဲ့မှ မားမားပြုတ်ကျော်နှင့် ထမင်းများကို ဗူးနှင့်ထည့်၍ သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။