နိုဝင်ဘာ ၇ ရက် မတိုင်ခင် အကြွေး ဆပ်ရန် ဆိုသည့် စာများကပ်

post by - http://freedomnewsgroup.com/
စစ်အစိုးရ ဦးစီးကျင်းပမည့် ရွေးကောက် ပွဲ ရက်အား ကြေညာအပြီး တွင် ရန်ကုန်မြို့  ရှိ
စားသောက်ဆိုင်၊ကုန်ခြောက် ဆိုင် နှင့် ကုန်သည် အချို့ က နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်ခင်
အကြွေးပေးရန် အတွက် ၎င်း တို့  ထံမှ ပစ္စည်း သို့ မဟုတ် ငွေကြေးချေး ယူထားသူများ ကို
အသိပေးထားကြောင်းသိရှိရသည်။

ထိုကဲ့သို့ ကြွှေးတောင်းစာများ ကပ်ပြီး သတိပေးထားသည့် ဖြစ်ရပ် နှင့် ပတ်သက်၍
လမ်းမတော်ရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တစ်ဦး ကိုမေးကြည့်ရန် “အပေါ်ထပ်က
ရေဒီယို နားထောင်တယ့် ဆရာကီး က တို့ အရေး ဖြစ်မယ်ပြောတယ် ခုနှစ်ရက် နေ့ ကျရင်
ဒါကြောင့် ကြွေးတောင်းစာ ကို ကပ်ထား တာ ၊၀ လည်းရှိစုမဲစု လေးတွေ ပါသွားလို့ မဖြစ်ဘူး ဟု ပြောသည်။
ထိုကဲ့သို့ ကြွှေးတောင်းစာများ ချက်ခြင်းကပ်ကြခြင်းမှာ အချို့ က ၁၉၉၀ ရွေးကောက်ပွဲ တွင်
NLD ပါတီ အနိုင်ရရှိသည့် အကြွှေး အာဏာလွှဲမပေးသည့် စစ်အစိုးရ အား ကို ကျေအောင်ဆပ်ရန် ဆိုလိုသည့် သဘော
ဟု လည်း ဆိုကြသည်။အချို့ ဆိုင်များ ဉ်လည်း အောက်တိုဘလ ကုန် နောက်ဆုံးထား၍ အကြွေးဆပ်ရန်
ဟု ရေးသားထားသည်။
တာမွေလေး ရှိ ကုန်ခြောက်ဆိုင် ပိုင်ရှင် တစ်ဦးက မူ “အဒေါ်က ဘာသဘောနဲ့ မှ မဟုတ်ပါဘူး၊ရွေးကောက်
ပွဲကျရင် ဆိုင်လေး တစ်ပတ်လောက် ပိတ်ခြင်လို့ အကြွေးချထားတဲ့ သူ တွေ ကို သတိပေးတဲ့ သဘောပါ ဟု
ပြောသည်။
ထို ကြွှေးတောင်းစာများ သည် ယနေ့ နံနက် တွင် စစ်အစိုးရက ရွေးကောက်ပွဲ ရက် ကြေငြာပြီး ကတည်းက
ပြည်သူများက ကြိုတင် စီစဉ် ထားခြင်း မရှိဘဲ တုံ့ ပြန်ခြင်း ဖြစ်သည် ဟု သိရသည်။
ရန်ကုန်မြို့ ရှိ နာမည်ကျော် ဗေဒင် ဆရာ တစ်ဦးက  ပြောရင် တော့ အရှည်ကြီး ဘဲ ဂမ္ဘီရ သဘောတွေ ပါတယ်
ကြွက်ပေါတဲ့ အိမ်မှာ ကြွက်ရောင်းရန် ရှိ သည် ဆိုတဲ့ စာ ကိုကပ်တော့ ကြွက်တွေ မရှိ တော့ သလိုပဲ။ ဒီစာက
ဒါတွေက က စနည်းနာ တဲ့ လူကို စောင်းပါးရိပ်ခြည်နဲ့  မင်းကို မင်းကိုသတိပေးတဲ့ သဘောတွေ ဟု ပြောသည်။
နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးက မူ စစ်အစိုးရ ရွေးကောက်ပွဲ ကို ပြည်သူ က ယုံကြည်တယ် ဆိုတာ အပြည့်အဝ
ပြောလိုက်တာ ပဲ ဟု ဆိုသည်။

No comments:

Post a Comment