တောင်ကိုရီးယား သင်္ဘောနစ်မြုပ်မှုသည် မြောက်ကိုရီးယားလက်ချက်ဟု အမေရိကန်သံသယရှိ

      တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား အငြင်းပွားရေပိုင်နက် အနီးတွင် တောင်ကိုရီးယားရေတပ်စစ် သင်္ဘော Cheonan ကို နစ်မြှုပ်စေခဲ့သော ပေါက်ကွဲမှုတွင် မြောက်ကိုရီးယား ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း  ဖြစ်နိုင်ခြေများကို တောင်ကိုရီးယား က ပယ်ချခဲ့ခြင်းမရှိဘဲ စစ်တပ်ကို တပ်လှန့်ထားရန် သမ္မတလီမြောင်ဘတ်က ညွှန်ကြားခဲ့သည်။ 


      မြောက်ကိုရီးယားမိုင်းဗုံးကြောင့် တန် ၁၂၀၀ ရှိသော စစ်သင်္ဘော ပေါက်ကွဲ နစ်မြုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောကြား ခဲ့သည်။ ကိုရီးယားကျွန်း ဆွယ် အနောက်ဘက်အငြင်းပွား ရေပိုင်နက်အနီး ဘေအန်ယောင်ကျွန်း အနီးတွင် ကင်းလှည့်လည်နေစဉ် တွင် မတ်လ ၂၆ ရက်နေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သင်္ဘော နစ်မြုပ်ခဲ့သည်။ သင်္ဘောနစ်မြုပ်မှုတွင် သင်္ဘောကပ္ပတိန် အပါအ၀င် အမှုထမ်း ၅၈ ဦးကယ် တင်နိုင်ခဲ့ပြီး ၄၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ကိုရီးယားစစ်ပွဲအတွင်းကျန်ရှိခဲ့သော မိုင်း ကို တောင်ကိုရီးယားစစ်သင်္ဘော ကင်းလှည့်သည့်လမ်းကြောင်း တွင် မြောက်ကိုရီးယားက ထားရှိခဲ့ ခြင်း ဟုတ်မဟုတ်ဆိုသည်မှာ အဖြေ ရှာရန်ခက်ခဲနေဆဲဖြစ်သည်။ သင်္ဘောအတွင်းပိတ်မိနေခဲ့သည်ဟု ယူဆ ရသော သင်္ဘောသား ၄၆ ဦးကို ဆက်လက် ရှာဖွေနေဆဲဖြစ်သည်။ မြောက်ကိုရီးယားတော်ပီဒို(သို့) ရေ မြှုပ်မိုင်းကြောင့် ချီနော်စစ်သင်္ဘော ပေါက်ကွဲနစ်မြှုပ်သွားသည်ဆိုသော ယူဆချက်မှာ ဖြစ်နိုင်ကြောင်း ကိုရီး ယားကာကွယ်ရေးသိပ္ပံမှ ၀ါရင့်ကျွမ်း ကျင်သူ ကင်တေ၀ူက ပြောကြားခဲ့ သည်။မြောက်ကိုရီးယားတွင် တော်ပီ ဒိုရေယာဉ်များရှိကြောင်း သိထားသည် ဟု ကင်က ပြောကြားခဲ့သည်။

    တော်ပီဒိုကြောင့် သင်္ဘောနစ် မြုပ်သွားသည် ဆိုသည်မှာ ဖြစ်နိုင်ဖွယ် မရှိကြောင်း ကာကွယ်ရေးဝန်ကြီး ကင်တေယန်က ပါလီမန်တွင် ပြော ကြားခဲ့သည်။ ကိုရီးယားစစ်ပွဲအတွင်းက ကျွန်းဆွယ်အနီးရေပိုင်နက် အနီးဝန်းကျင်တွင် ရေမြှုပ်မိုင်း ၃၀၀၀ ခန့် မြောက်ကိုရီး ယားတို့က ချထားခဲ့ကြောင်း ကာကွယ်ရေးဝန် ကြီးက ပြောကြားခဲ့သည်။ ပင်လယ်ဝါနယ်စပ်အနီးတောင်နှင့်မြောက် ကိုရီးယားသင်္ဘောများအကြား မကြာ သေးမီနှစ်များအတွင်းက အပြန်အ လှန်ပစ်ခတ်မှု သုံးကြိမ်ခန့် ဖြစ်ပွား ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် မြောက် ကိုရီးယားတို့ အမြောက်ဖြင့် ပစ်ခတ် မှုကြောင့် တောင်ကိုရီးယားရေတပ် စစ်သား ၃၉ ဦးသေဆုံးခဲ့သည်။

    ၁၉၅၃ ခုနှစ်က ငြိမ်းချမ်းရေး စာချုပ်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် အဆုံး သတ်ထားခဲ့သော ကိုရီးယားစစ်ပွဲ ကြောင့် တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံ အခြေအနေသည်စစ်ဖြစ်နေ ဆဲအနေအထားတွင် ရှိဆဲဖြစ်သည်။ ၁၉၅၃ခုနှစ်တွင် ကုလသမဂ္ဂကရေးဆွဲ ပေးခဲ့သော ပင်လယ်နယ်နိမိတ်သတ်မှတ်ချက်ကို မြောက်ကိုရီးယားက အငြင်းပွားနေသည်။   Ref:AFP


No comments:

Post a Comment