သည်ခေတ်ကြီးနှင့် သည်လူတွေ

သည်ခေတ်ကြီးနှင့် သည်လူတွေ
နေရာရပ်တွင်၊ စည်းရိုးပျက်နှင့်
သက်ငယ်ယှက်မိုး၊ ဝါးထရံကျိုးဖြင့်
အချိုးအဆစ်၊ မပြေပြစ်လည်း
ချစ်ဖြော့မှေးမှိန်၊ သည်စံအိမ်ကို
တစ်ကြိမ်တစ်ခေါက်၊ ဧည့်သည်ရောက်တိုင်း
လျောက်ပတ်ချေငံ၊ သူဆက်ဆံလို့
တုန့်ပြန်ပေးကြ၊ တည်းခိုခဖြင့်
ဘဝတိုက်ပွဲ ဝင်နေတကား...။
အော်...အရင်းရှင်စနစ်၊ လွှမ်းမိုးခဲ့သည့်
ခေတ်၏အမွေ၊ ပဋိသန္ဓေတို့
လူ့မြေမရောက်၊ လမ်းတွင်ပျောက်ပြီ
ကမောက်ကမ၊ ဒီဘဝမှာ
နွမ်းလျနွမ်းစွာ၊ ဝမ်းတထွာကြောင့်
သပြာကြေးပြား၊ ချေးကစား၍
သွေးသားပေးယူ၊ မူမတူလည်း
လူသတ်နေပြီမဟုတ်လော...။   ။
မောင်ဆွေနွယ်
၁၉၆၃-ခု အောက်တိုဘာလ အမှတ် (၁၉) ဗမာပြည်ကာနယ်ဇင်း မှ..

ကဲ Shortcut နဲ့ သုံးကြမယ်ဆိုရင်တော့....

မိမိကွန်ပြူတာကို Shortcut နဲ့သုံးပြီး လေ့လာရင် ပိုမြန်နိုင်ပါတယ်။
download here! ဒီမှာ ဒေါင်းပြီး
ဖတ်စေချင်ပါတယ်....

Hardisk ကို Partation လုပ်ချင်လျှင်

ဝယ်လာခဲ့တဲ့ Hardisk ကို Partation များလုပ်နိုင်ရန်
download here! ဒီမှာ ဒေါင်းပြီး
ဖတ်လိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်။

BO GYOKE AUNG SAN

ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အမှတ်တရ ကြေကွဲပုံရိပ်များကို ပုံနှင့်တစ်ကွ သီချင်းကို ဒီမှာသွားရောက် ကြည့်ရှုနိုင်ပါတယ်...

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ညီလာခံသို့ ပါတီကိုယ်စားလှယ်တစ်ဦး လေ့လာသူအဖြစ်

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ညီလာခံသို့ ပါတီကိုယ်စားလှယ်တစ်ဦး လေ့လာသူအဖြစ် တက်ရောက်
ဒီမှာဖတ် ပါ

ချစ်ကြည်ရေး ဖျော်ဖြေမည်

ဒီဇင်ဘာ (၁၂) ရက်မှ (၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက် အားကစားကွင်းပြင်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေး စင်မြင့်ဖျော်ဖြေပွဲကို ကျင်းပမှာဖြစ်ပါတယ်။ ဖက်ရှင်ပြိုင်ပွဲလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။

အာဇာနည်၊ ထွန်းအိန္ဒြိာဗိုလ်၊ ဖြူဖြူကျော်သိန်း၊ ဖိုးကာ တို့နှင့်အတူ
ထိုင်းနာမည်ကြီး အဆိုတော် နှစ်ဦးလည် သီဆိုမှာဖြစ်ပါတယ်။
အချိန်ကတော့ ညနေ (၄) နာရီမှ (၁၂ ) နာရီ အထိ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း မြန်မာရှိုးပွဲတွေ များလာပါတယ်။ ပြောတာကတော့ ချစ်ကြည်ရေး၊ လုပ်နေတာကတော့...................။ တစ်ဆက်တည်းမှာပဲ ဘန်ကောက်မှာလည်း
၂၀၁၀ ခုနှစ် လဆန်းပိုင်းမှာလည်း ရှိုးပွဲ ရှိပါသေးတယ်။


ထိုင်းဘုရင် ၈၂ နှစ်မြောက် မွေးနေ့


ထိုင်းနိုင်ငံ ဘုရင် ၈၂ နှစ် မွေးနေ့တွင် လာရောက်သီဆိုထားတာပါ။ မြန်မာ မင်းသမီး အတော်များများ သူများနိုင်ငံမှာ သီချင်းဆိုရင် အနက်ရောင်ဝတ်စုံကို တော်တော်များများ ဝတ်တာတွေ့ရပါတယ်။

သိတဲ့သူများရှိရင် ဖြေပေးပါဦးခင်ဗျာ။ ဇော်ပိုင် နဲ့ ရေဗက္ကာဝင်း တို့ကတော့ ဒုတိယနေ့မှ လာရောက် သီချင်းဆိုတာပါ။ ပထမနေ့ကတော့ အလိမ်ခံရတယ်ဗျာ။ တစ်ကယ် မကောင်းဘူး။ မြန်မာ ပြည်သားတွေကတော့ သိတဲ့အတိုင်းပဲ မလာတော့ ပြောကြတယ်။ လာတော့လည်း ထိမ်းမနိုင်အောင် ပျော်ကြတယ်။ သူတို့ ကြေညာထားတာက စိုင်းစိုင်းခမ်းလှိုင်း၊ ဇော်ပိုင်၊ ကြိုးကြာ၊ ရေဗက္ကာဝင်း တို့ဖျော်ဖြေမယ်တဲ့။ အခုတော့ ဘယ်လိုပြောရတော့မလဲ။ မြန်မာတွေ အချင်းချင်း လိမ်တာ၊ ညာတာ၊ မဟုတ်တာကို အဟုတ်ပြောနေတာ၊ လုပ်ပိုင်ခွင့် နည်းနည်းပေးရင် များများလုပ်ကြတာ အဲ့ဒါတွေရှိနေသေးလို့ မညီညွတ်သေးတာ။ နောက်လည်း ဘယ်တော့မှ ညီမှာ မဟုတ်ပါဘူး။ လိုချင်တာလည်း ရဖို့ ဝေးသွားပါပြီ။

“အိပ်မက်ဖန်ဆင်းရှင်သို့”

မနက်ဖြန်တွေဟာ နင်ရော ငါရော ပိုင်ဆိုင်ခဲ့
ဖြူစင်ခြင်းရဲ့ စေတမာန်၊
အမှန်ဆုံး သစ္စာစကားနဲ့

ငါ့အချစ်စကားကို နာကြားလှည့်ပါ။
နင်ဟာ ငါ့ရဲ့ ရှင်ခြင်း သေခြင်း ပိုင်စိုးရာ စစ်တလင်းတစ်ခု
အိပ်မက်ဖန်ဆင်းရှင်မို့။
ဆူးငြိခံမဲ့ သတ္တဝါ
ငါဆိုတာ သေချာခဲ့ပြီပဲ။

(စက်ရုံ အလုပ်သမားတစ်ဦး)
၃.၁၂.၂၀၀၉

“ ခံ ” စားပြီး “ ပြန် ” သွားရန်

“ ခံ ” စားပြီး “ ပြန် ” သွားရန်
မဲဆောက်ရောက်စ
ရင်မှာခံစား...(မိခင်မြေနဲ့ဝေးသွားလို့)

အလုပ်စလုပ်
ရင်မှာခံစား...( ကိုယ်ပိုင်အလုပ် မဟုတ် သူများအလုပ် )
မြန်မာအလုပ်သမားအားလုံး
ရင်မှာခံစား... (ဖိနှိပ်ခံ၊ ပင်ပန်းဆင်းရဲ၊ ခေါင်းပုံဖြတ်၊ သူများကဆုံးမ “ ဘဝ” ကြောင့်
နောက်ဆုံး “ ခံ ” စား “ စံ ” မစား ပြန်သွားကြကုန်သတည်း.....................။
written by ( တိုက်ပွဲဝင်သူ )
စက်ရုံအလုပ်သမားတစ်ဦး

“ ရင်ဖွင့်ခံစားချက်မှ ညီညွတ်ချင်းဆီသို့”

“ ရင်ဖွင့်ခံစားချက်မှ ညီညွတ်ချင်းဆီသို့”

မဲဆောက်သိုးမွေးနဲ့ မြန်မာအလုပ်သမားများ
ကြိုးစားရှာဖွေ ဒို့တစ်တွေ၊
လုပ်လိုက်ကြသော် နေ့/ ည မလပ်
သတ်မှတ်ပါသည် ဒါဇင်ဈေး၊

ဈေးနည်းသော်လည်း ရက်ချိန်းမမှန်
ဟိုရက် ဒီရက် ချော့ပြီးခိုင်း၊
ချောက်ကာ မြှောက်ကာ ပြောလိုက်တာ
ရက်ပေါင်ကြေးလည်း မနည်းတော့ပါ။
ဆရာကတစ်မျိုး သူဌေးက တစ်ဖုံ
အလုပ်သမားတွေ စိတ်ညစ်ကုန်၊
တစ်ရုံမကောင်း တစ်ရုံပြောင်း
ပြောင်းသည့်ရုံတိုင်း ဆန္ဒပြ၊
ဆန္ဒပြသည် မညီညွတ်
ခံလိုက်ဦးစို့ အလုပ်သမားဖွတ်။်
ဖွတ်မဖြစ်ရေး လေ့လာပေး
အသိပညာတိုးပွားရေး၊
နီးစပ်ရာတွင် လေ့လာဖို့
မှတ်သားပြီးလျှင်ညှိနှိုင်းစို့၊
တိုင်ပင်ညှိနှိုင်း အလုပ်သမားတိုင်း
ဇွဲရှိအောင်မြင် ညီညွတ်ခြင်းအသွင်
တိုက်ပွဲဝင်ရင်း အောင်ပွဲဆင်ကြပါစို့။

စာရေးသူ
တိုက်ပွဲဝင်
(အလုပ်သမား)

မိုဘိုင်းခြေရာခံစနစ်


Googleသည် မိုဘိုင်းလ်ဖုန်း အသုံးပြုသည့် ခြေရာခံစနစ်တစ်ခုအား ထုတ်လုပ်လိုက်ပြီး မိဘများအနေနှင့် သားသမီးများ မည်သည့်အချိန်တွင် မည်သည့်နေရာ ရောက်ရှိနေမည်ကို လွယ်ကူစွာ သိရှိနိုင်မည့် ၀န်ဆောင်မှုကို စတင်ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုအခြေအနေကြောင့် အိမ်ရှင်မကို လှည့်ပတ်ပြောဆိုကာ အလည်အပတ် ၀ါသနာထုံသော ယောက်ျားများအတွက် စိတ်ညစ်စရာ ဖြစ်လာနိုင်ကြောင်းလည်း ပညာရှင်များကဆိုသည်။

Google Latitudeဟု အမည်ပေးထားသော အဆိုပါ Softwareသည် မိုဘိုင်းလ်ဖုန်း Versionအမြင့်စားများတွင် အသုံးပြုနိုင်ပြီး Blackberryလက်ကိုင် ကွန်ပျူတာ အငယ်စားလေးများတွင်လည်း ထည့်သွင်းထား နိုင်မည်ဖြစ်သည်။ ထိုService အသက်ဝင် လှုပ်ရှားလာချိန်တွင် ဖုန်းကိုင်ဆောင်သူ ရောက်ရှိနေမည့်နေရာကို အခြားမိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ထားပြီး ၎င်းကိုယ်တိုင်က သိရှိစေရန် ခွင့်ပြုထားသူများက မြေပုံမှတဆင့် သိရှိနေမည်ဖြစ်သည်။ Googleကမူ ယခုဝန်ဆောင်မှုသည် မိမိအလေးထား မြတ်နိုးသူတစ်ဦးကို မျက်စိအောက်မှ အပျောက်မခံနိုင်သူများအတွက် အကောင်းဆုံး တီထွင်ဆန်းသစ်မှု တစ်ခုဟု ညွှန်းဆိုထားသည်။ သို့သော်လည်း အချို့သူများက ယခုServiceကြောင့် Privacyပိုင်းတွင် ထိခိုက်လာမည်ကို စိုးရိမ်နေကြဆဲဖြစ်သည်။ ထိုSoftwareတွင်

Google Mapနောက်ဆုံး Versionပါ တပေါင်းတည်း ပါဝင်နေပြီး ဗြိတိန်၊ အမေရိကန်နှင့် အခြားနိုင်ငံပေါင်း (၂၄)ခုတို့တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ Google၏ ထုတ်ကုန်မန်နေဂျာ ဒေးဗစ်လီးကမူ ဖုန်းအသုံးပြုသူသည် ၎င်း၏နေရာကို မသိစေချင်သူများ ကမ်းလှမ်းလာမှုကို Rejectပြုလုပ်နိုင်မည် ဖြစ်သောကြောင့် Privacyအတွက် ခြိမ်းခြောက်မှု တစုံတရာ မဖြစ်နိုင်ပါဟု သုံးသပ်ထားသည်။ ထိုServiceကို အသုံးပြုရန် GPSစနစ်တော့ လိုအပ်နေကြောင်းလည်း Googleက ရှင်းလင်းပြောကြားထားသည်။ Google Latitudeသည် မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်သူ၏ တည်နေရာကိုသာ ညွှန်ပြမည်ဖြစ်ပြီး ထိုသူ၏ လုပ်ဆောင်မှု၊ လှုပ်ရှားမှုများကိုမူ ဖော်ထုတ်ပြသထားမည် မဟုတ်ဟုဆိုသည်။ လက်ရှိအချိန်တွင် Google Latitude ၀န်ဆောင်မှုကို အမေရိကန်နှင့် ဗြိတိန်တို့တွင် အသုံးပြုနိုင်ကြောင်း သိရသည်။

အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း

for everyone
http://www.30gigs.com:
Storage ပမာဏ 30GB (1GB = 1024MB) ရနိုင်ပါတယ်။
http://www.aussiemail.com
သြစတြေးလျ email service တစ်ခုကနေ ကျောင်းသားသုံး ရည်ရွယ်ပြီး ဖန်တီးပေးထားတာပါ။

http://www.aim.com:
America Online ရဲ့ service ဟာ အခမဲ့ အသုံးပြုသူတွေအတွက် 5GB ပမာဏပေးထားပြီး နောင်မှာ unlimited အထိတိုးမြှင့်ပေးပါလိမ့်မယ်။
http://www.bigstring.com:
acount အမျိုးမျိုး ခွဲခြားထားပြီး 2GB ကနေ 20 GB အထိ သိုမှီးပမာဏ ဖန်တီးပေးထားပါတယ်။ ထူးခြားတဲ့ စနစ်နဲ့ နည်းပညာကို အသုံးပြု တည်ဆောက်ထားတဲ့အတွက် အသုံးပြုသူဟာစိတ်ချမ်းသာမှု ရစေပါမယ်လို့ ကတိပြုထားပါတယ်။
http://www.bluebottle.com:
spamတွေကို ကာကွယ်ဖို့ မြင့်မားတဲ့ tools တွေကို သုံးစွဲပြီး ပေးပို့သူနဲ့လက်ခံသူနှစ်ယောက်ကြား မှာရှိတဲ့ ဆက်ဆံရေးကိုမူတည်ပြီး ယုံကြည် စိတ်ချရမှုရှိ၊ မရှိ ဆိုတာကိုတောင် ရွှေးချယ်ပေးပါတယ်။
http://www.canada.com:
ကနေဒါတစ်နိုင်ငံလုံးမှာ သတင်းမွှေးနေတဲ့ Email တစ်ခုပါ။
http://www.canoe.ca:
ကနေဒါ service provider တစ်ခုရဲ့ လိပ်စာပါ။
http://www.care2.com:
အခမဲ့ သုံးစွဲနိုင်တဲ့ service တစ်ခုဖြစ်သလို user က ယုံကြည်စိတ်ချမှုရှိပြီး သဘောကျခဲ့မယ်ဆိုရင် တော့အလှူငွေ ပါဝင်လှူဒါန်းနိုင်ပါတယ်။ အဲဒီ ဒါနတရားဟာ ကမ္ကာတစ်ဝန်းလုံးမှာရှိတဲ့ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နေရာတွေအတွက် ရည်ရွယ်ပါတယ်။
http://www.DCEmail.com:
ဝါရှင်တန်ဒီစီရဲ့အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။
http://www.dbzmail.com
ကာတွန်းတို့ ပန်းချီတို့နဲ့ ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ “out-blaze” ရဲ့ service တစ်ခုဖြစ်ပါတယ်။ ကာတွန်းချစ်သူတွေ အချင်းချင်း ဆက်သွယ်ပြီး အမြင်တွေကို ဖလှယ်ရင်း ဝေမျှခံစားနိုင်ပါတယ်။
http://www.DidaMail.com
အင်္ဂလိပ်၊ အာရေဗျ ဒီဇိုင်းနှစ်မျိုးနဲ့ နှစ်သက်ရာရွေးချယ်နိုင်ပြီး POP3 acount တွေကို ပေးပိုနိုင်တယ် လို့ဆိုပါတယ်။
http://www.emailaccount.com
domain အခွဲပေါင်း မြောက်မြားစွာရှိတဲ့ အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။
http://www.fastmail.fm:
သိုလှောင်မှုပမာဏ နည်းပါးပေမယ့် စာပို့ခြင်းနဲ့ လက်ခံယူခြင်းတို့မှာ အလွန်မြန်ဆန်ပြီး လူကြိုက်များပါတယ်။
http://www.gawab.com
ဘာသာစကား ၁၂ မျိုးကျော်နဲ့ သုံးစွဲလို့ရတဲ့ 1GB Mail ပါ။
http://www.Gratfiti.net:
သိုလှောင်မှုပမာဏ 100 MB အထိ ပေးထားပါတယ်။
http://www.hotpop.com:
online သိုလှောင်မှု 100 MB ရရှီစေပါတယ်။
http://www.hushmail.com:
Email တွေနဲ့ ဖိုင်တွေကို လုံခြုံမှုဝှက်စာနဲ့ ပို့ဆောင်ပေးပါတယ်။
http://www.icqmail.com
အခမဲ့ကို 6MB သာ ပေးအပ်ထားပေမယ့် တခြား IM နဲ့ အသုံးဝင်တဲ့ features တွေအများအပြား ရှိနေပါတယ်။
http://www.inbox.com:
5 GB ပေးထားပြီး IMAP ချိတ်ဆက် ရရှိစေပါတယ်။
http://ww.indiatimes.com:
Calendar တစ်ခုနဲ့ Mail Alert တစ်ခုပါဝင်ပြီးအိန္ဒိယနိုင်ငံရဲ့ ဘာသာစကား အပါအ၀င် language ပေါင်း ၁၂ မျိုးနဲ့ သုံးစွဲနိင်ပါတယ်။
http://ww.InMail24.com:
POP3/ IMAP တွေကို လက်ခ့တဲ့အတွက် 16 MB သာ ပေးအပ်ထားပေမယ့် ကိုယ့်ရဲ့ Email တွေကို outlook ကနေ တစ်ဆင့် ချိတ်ဆက်လို့ ရနိုင်ပါတယ်။
http://www.jubli.com:
ဖိုင်တွေကို upload တင်လို့ ရသလို chat နဲ့ voip ကိုပါ ပေးအပ်ထားတဲ့ Email ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
http://www.linuxmail.org:
Linux OS ရဲ့ အဆင်အပြင်နဲ့ အခမဲ့ service တစ်ခုပါ။
http://www.litepost.com:
Alpha (စမ်းသပ်ဆဲ ကာလ) အဆင့်သာရှိသေးပေမယ့် online ရဲ့ e-mail သုံးစွဲသူ လောကမှာတော့သတင်းမွှေးပျံ့လျက်ရှိပါတယ်။
http://www.lycosMail.com:
3 GB ပေးထားပြီး attachments ကိုတော့ limit နကန့်သတ်ဘူးလို့ ကြေညာထားပါတယ်။
http://www.hotmail.com
Microsoft ကုမ္ပဏီရဲ့ ၀န်ဆောင်မှု တစ်ခုပါ။ စတင် ယူယူချင်းမှာ 250 MB ရရှိပေမယ့် invite letter ရှာဖွေနိုင်ခဲ့မယ်ဆိုရင် 2GB ပမာဏအထိ ရနိုင်ပြီး ကြော်ငြာတွေကိုပါ လျှော့ချပစ်နိုင်ပါလိမ့်မယ်။
http://www.dora.com:
2 GB ပေးထားပြီးနှစ်သက်ဖွယ်ရာအသွင် အပြင်ရှိပါတယ်။
http://www.mailsnare.net:
အခမဲ့အသုံးပြုသူတွေအတွက် 40 MB သုံးစွဲခွင့် ရှိပါတယ်။
http://www.mailzworld.com:
အဆုံးအစမရှိ သိုလှောင်မှု ပမာဏ ရရှိပါတယ်။
http://www.Merseymail.com:
လီဗာပူးတက္ကသိုလ်ရဲ့ ကျောင်းသားများ အတွက် ရည်ရွယ်ထုတ်ဝေထားခဲ့တဲ့ mail တစ်ခုပါ။
http://www.muchomail.com:
25 MB သိုလှောင်နိုင်ပါတယ်။
http://www.myway.com:
ရှင်းလင်းသပ်ရပ်တဲ့ Email လှလှ ကလေးတစ်ခုဖြစ်ပါတယ်။
http://webmail.opera.com:
opera browser ကို သုံးစွဲကြသူတွေအတွက်ရည်ရွယ်ထားတဲ့ webmail ဟာ 3 MB သိုလှောင်မှုပေးပါတယ်။
http://www.outhun.com:
“Out-blaze” ရဲ့ အိမ်ရှင်မတွေအတွက် ရည်ရွယ်ထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။
http://www.postmaser.co.uk:
ရှေးကျတဲ့ e-mail တစ်ခုပါ။ 1 GB သိုလှောင်ခွင့် ပေးထားပြီး provide က UK မှာ ရှိနေပါတယ်။
http://www.prontomail.com:
attachment ကို 2MB အထိ ပေးထားတဲ့ 25MB ပမာဏ အီးမေးလ်တစ်ခုပါ။
http://www.rediff.com:
1 GB ပမာဏ သိုလှောင်မှုနဲ့အတူ 10 MB attachment ရရှိစေတဲ့ အိန္ဒိယ အခြေစိုက် ၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
http://www.runbox.com:
10 GB ပမာဏကို စမ်းသပ်ခွင့် သုံးလပေးထားပါတယ်၊၊ အခမဲ့သမားတွေအတွက်အမှန်တကယ် သုံးစွဲနိုင်တာက 1GB/ 10 MB ဖြစ်ပါတယ်။
http://www.sacmail.com:
3.5 MB အထိ file ချိတ်ဆက်လို့ရတဲ့ e-mail တစ်ခုဖြစ်ပြီး 25 MB ပမာဏ ပေးအပ်ထာပါတယ်။
http://www.safe-mail.net:
3 MB သာ storage ပေးထားပေမယ့်ပေးပို့သူ တွေအတွက်ကိုတော့ လုံခြုံရေး မြင့်မြင့်မားမား တည်ဆောက်ထားပါတယ်။
http://www.ureach.com
NGO အဖွဲ့အစည်းတစ်ခုရဲ့ အခမဲ့ ၀န်ဆောင်မှုတစ်ခုပါ။
http://vfemail.net:
15 MB ရှိပြီး up-grade ကိုတော့ ငွေပေးဝယ်ယူရပါမယ်။
http://www.zilladog.com:
ကလေးတွေအတွက် ရည်ရွယ်ပြီး ဂိမ်းတွေ ဆော့ကစားနိုင်စေဖို့သူငယ်ချင်းတွေနဲ့ e-mail အပြန်အလှန် ပို့ဆောင်စေဖို့ ဖန်တီးထားပါတယ်။
http://www.yahoo.com/mail:
ရှေးအကျဆုံးနဲ့ များပြားတဲ့ domain ပေါင်းစုံရှိနေတဲ့ service ပါ။ yahoo ကုမ္ပဏီရဲ့အပိုင် ဖြစ်ပါတယ်။



ဇေယျာစံ
Knowledge 1000+
(ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ ဧပြီလ၊ အမှတ် ၁၇၀)



(ကိုဇော် ဘလော့ခ် မှကူးထားသည်)

ကျနော့်ရဲ အမှတ်တရပါ

1. ၂၀၀၄ ခုနှစ် Happy New Year ညရဲ့ အမှတ်တရလေးတွေကို ပြန်လည်သတိရနေပါတယ်။ ဝန်ထမ်း မိတ်ဆွေ သူငယ်ချင်းများက ကျနော့ကို ဒီည အခုအလုပ်မှာပဲနေဖို့ရယ်၊ နောက်သူတို့နဲ့ အတူတူပျော်ရွှင်ဖို့ပြောပါတယ်။ သူတို့နဲ့ ပျော်ရွှင်ဖို့ ဖိတ်ခေါ်တာကို တစ်ကယ်ပဲ ရင်ထဲမှာ ပျော်ရွှင်ခဲ့ပေမယ့် စိတ်ထဲမှာတော့ မပျော်ရွှင်နိုင်တာတွေ ရှိခဲ့ပါတယ်။

2. နောက်ကျနော်က ဆောက်လုပ်ရေးမှာအလုပ် လုပ်တယ်ဆိုတော့ ဆိုဒ်ခွဲတစ်ခုဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းက ကွန်ဒိုမီနီယံကို Happy New Year ညမှာအရင်ဆုံးသွားခဲ့ပါတယ်။ အမှတ်ရဆုံးညလေးပါ။ ရွှေဟင်းသာကွန်ဒို မှာ (Happy New Year) ကသူငယ်ချင်းများလို့သာပြောတာ သူတို့က ကျနော့်ထက် အသက်နည်းနည်းကြီးကြတယ်။ အဲ့ဒီတုန်းက အသက်က ၂၅ နှစ်ထဲမှာပေါ့။ ကျနော်က သူတို့နဲ့သိပ်မပျော်ရဲပါဘူး။ ကျနော့်စိတ်ထဲမှာက ကျနော်က ကိုယ့်ကိုယ်ကို အားငယ်နေတယ်လေ။ ကျနော်က အခုသူတို့လို ပိုက်ဆံရှိတဲ့သူတွေနဲ့ သိပ်ပြီး စကားမပြောခဲ့လို့ပါပဲ။ ဒါကြောင့်သူတို့ကို ကျနော်က စကားပြောရမှာကို ရှိန်နေခဲ့တယ်။
3. အဲ့ဒီညက သူတို့က ပါဆယ်ဂိမ်း ကစားကြတယ် ကျနော်ကတော့ မမီလို့ သူများက ကိုယ်စားမဲနှိုက်ပေးတယ်။ အကောင်းစားရေမွှေးပုလင်း ပေါက်တယ်။ နောက်အမ တစ်ယောက်က ၂၀၀၅ ခုနှစ် ဒိုင်ယာရီကို တစ်ယောက်တစ်အုပ် လက်ဆောင်ပေးတယ်ခဲ့တယ်။ စာအုပ်က တော်တော်ကောင်းတယ်။ ကျနော်ဆို မဝယ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့တုန်းက လစာက ၂၅၀၀၀ ပဲရတယ်လေ။ ဝယ်လိုက်မယ်ဆိုရင် စားစရာမရှိမှာဆိုးလို့ပါ။ ကျနော်က အသုံးများတယ်လေ။ ထားလိုက်ပါ။ အဲ့ဒီအမကို အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်စိတ်မကောင်းတာက အဲ့ဒီအမကို အခုကိုယ်တိုင် နာမည်ကိုစဉ်းစားနေတာ။ မေ့နေတယ်။ မှတ်တမ်းကလဲ မြန်မာပြည်မှာ ကျန်ခဲ့တယ်လေ။ ကျနော်အဲ့ဒီညက မပျော်ချင်းပဲ ပျော်ခဲ့ရတယ်လေ။ မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
4. ဒါပေမယ့် သူတို့ကတော့ ကျနော်ကို ဖြူဖြူစင်စင်နဲ့ ခင်တယ်ဆိုတာကို အခု အင်တာနက်ကနေ တွေ့မှပဲ သိခဲ့ရပါတယ်။ အင်တာနက်ကနေ တစ်နေ့ ရှာမယ်ဆိုပြီး လိုက်ရှာတာ မိတ်ဆွေတစ်ယောက်ကို သွားတွေ့ခဲ့တယ်။ သူကတော့ အခု စင်္ကာပူမှာ အလုပ်လုပ်နေပြီလေ။ သူက ဆောက်လုပ်ရေး အင်ဂျင်နီယာပေါ့။ ကျနော်တစ်ကယ်ကို သူတို့နဲ့ တွေ့မယ်ဆိုတာကို မထင်ခဲ့ပါဘူး။ အခုတော့ သူငယ်ချင်း မိတ်ဆွေတွေကို Gtalk ကနေစကားပြောနေပါပြီ။ ဘာလို့ အခုလို စိတ်ထဲရှိတာကိုရေးရတာလဲဆိုတော့ ရွှေဟင်းသာကွန်ဒို မှာကျနော့် အတွက် တစ်သက်လုံးမမေ့နိုင်တဲ့ အမှတ်တရလေးတွေရှိခဲ့လို့ပါပဲ။ ကြုံတုန်းပြောလိုက်မယ်နော်… အမှတ်တရဆိုတာ ရည်းစားရှိခဲ့လို့ မဟုတ်ပါဘူးနော်။ အလုပ်လုပ်နေရင်းနဲ့ ဖြစ်နေတဲ့ ဖြစ်ခဲ့တဲ့ အခက်အခဲ တွေကိုပြောတာပါ… စာရေးတာတော့ရှည်သွားပြီ…။

ကိုယ်တိုင် လေ့လာကြည့်ပါ

1. မြတ်နိုးဖွယ်ရာဆက်ဆံရေးမှန်သမျှတို.ကို ဖျက်ဆီးတတ်သောအရာသည် “ သံသယ” ဖြစ်သည်။

2. ‘ စိတ်’ ဆိုတာ ‘ဆိုး’ ရမယ့်အရာမဟုတ်ဘူး ‘ ခိုင်’ အောင်လုပ်ရမယ့်အရာ။
3. ပွင့်လင်းမှုရှိသောသူသည် လောလောဆယ် အခက်အခဲ တွေ.နိုင်သော်လည်း နောက်ပိုင်းတွင် ပြဿနာကင်းစွာ နေရပေလိမ့်မည်။
4. သစ္စာရှိသော အချစ်ဦးကို လိုချင်လျှင်တော့ သင်ကိုယ်တိုင် အချစ်ဦးအဖြစ် အစမ်းသပ်ခံနိုင်ရန် အရင် ကြိုးစားထားသင့်ပါသည်။
5. အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း ဟူသည် သင့်အရည်အချင်းကို စမ်းသပ်သော မှတ်ကျောက်များသာ ဖြစ်သည်။
6. ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်းနှင့် ရှုံးနိမ့်ခြင်းသည် ၄င်းတို.အား ကောင်းစွာ အသုံးချနိုင်ပါက သင်လျှောက်သောလမ်းတွင် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော ခွန်အားများဖြစ်စေနိုင် ပါသည်။
7. တစ်ကြိမ်တည်းနှင့်တော့ သင်လိုချင်တာကို မရနိုင်စေကာမူ အကြိမ်ကြိမ်ကြိုးစားလျှင်တော့ ရနိုင်မည့်နည်းလမ်းကို တွေ.နိုင်ပါတယ်။ (စာရေးသူ)မင်းသိင်္ခ

လမ်းခွဲတာ ဝမ်းနည်းစရာလား

မြစ်ပြင်ထဲက ဗေဒါပင်တွေဟာ

လေကြောင့်ပဲ ပေါင်းဆုံကြသလို

လေကြောင့်ပဲ ကွဲကွာသွားကြပါတယ်


သံသရာမြစ်ပြင်ထဲ လူသားတွေဟာလည်း

ကံကြောင့်ပဲ ဆုံစည်းခွင့်ရကြသလို

ကံကြောင့်ပဲ ခွဲခွာကြရပြန်ပါတယ်

ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့

လမ်းခွဲတာ ၀မ်းနည်းစရာမလိုပါဘူးလေ။

အရှင်ဆန္ဒာဓိက