အလုပ်သမားကို အလုပ်ထုတ်ရာမှ ပါတ်စ်ပို့ အတုပြုလုပ်ပေး


အလုပ်သမားတွေကို အလုပ်ထုတ်ရာတွင် ပါတ်စပို့အတုပေးရာ အလုပ်သမားတွေမှ မကျေနပ်ဘဲ ဆန္ဒပြနေ
YCOW News - Date - 8.09.2010
ထိုင်း-လာအိုနယ်စပ် ခွန်ကယ် (Dechapalich Fishshing net factory) စက်ရုံ အလုပ်သမား (၆) ယောက်အား အလုပ်ထုတ်ပြီး ပါတ်စပို့ပြန်တောင်းရာမှ အလုပ်ရှင်က ဗီဇာအတုကိုပေးသဖြင့် ကျန်အလုပ်သမားတွေပါ မကျေနပ်ဘဲ စက်ရုံရှိ ဗီဇာရှိအလုပ်သမားများနှင့် စုပေါင်းဆန္ဒပြနေကြောင်း ပါတ်စပို့အစစ်ပြန်ပေးရန်ကို တောင်းဆိုနေကြောင်းသိရသည်။
အလုပ်ရှင်မှအလုပ်သမား (၆)ယောက်ကို အလုပ်ပျက်သဖြင့် အလုပ်ထုတ်ခံရသည်။ အဆိုပါအလုပ်သမား (၆) ယောက်မှ အလုပ်ရှင်ထံ
သူတို့ပါတ်စပို့ အားပြန်တောင်းရာ အလုပ်ရှင်မှ သူတို့၏ ပါတ်စပို့ကိုမပေးဘဲ အခြားသူများ၏ ပါတ်စပို့ကိုပေးသဖြင့် မကျေနပ်ရာမှ ကျန်ပါတ်စပို့ရှိသူတွေကို ပြောပြရာ ပါတ်စပို့ရှိအလုပ်သမားတွေက သူတို့ကိုအလုပ်ဝင်ထဲက ၁နှစ်ပြည့်ပါက ပါတ်စပို့ကိုထုတ်ပေးမယ်ပြောထားတာ ခုဘဲထုတ်ပေးစေချင်တယ်ဆိုပြီး အလုပ်မဆင်းဘဲ ဆန္ဒပြနေကြကြောင်း အလုပ်ထုတ်ခံရသော အလုပ်သမားကပြောသည်။ “ကျနော်တို့ကိုအလုပ် ၃ ရက်ပြတ်တာကြောင့်အလုပ်ရှင်က မနေ့ကအလုပ်ထုတ်တယ် ပါတ်စပို့ပြန်ပေးဖို့ရယ် လုပ်အားခပြန်ပေးဖို့ရယ်ကို ပြောတော့ ပထမ စက်ရုံမှာလူကြီးအဖွဲ့ဆိုတာကို အရင်ပြောတော့မပေးဘူးလို့ပြောတယ် ဒါနဲ့ အလုပ်သမားကာကွယ်ရေးရုံး (ဆဝါဒီကန်)ကိုသွားပြောတော့ သူတို့ကလိုက်လာပြီးဒီမှာ လာပြောတယ် အဲဒီတော့မှ မနက်ဖြန် စက်ရုံလူကြီးတွေက ပေးမယ်ပြောတယ် ဒီနေ့မနက်သွားတောင်းတော့ ပါတ်စပို့အတုကြီး ပေးတာပဲ ဒါအစစ်မှ မဟုတ်တာလို့ပြောတော့ သူတို့ကမသိဘူးလို့ ပြောတယ် ဒါကြောင့်ကျနော်တို့ကို ပါတ်စပို့အစစ်ပဲပြန်ပေးဖို့ကို သူဌေးဆီမှာတောင်းနေတာပါ ပါတ်စပို့အစစ်ရမှ အခြားအလုပ်ဘဲဖြစ်ဖြစ် မြန်မာပြည်ပြန်တာဘဲ ဖြစ်ဖြစ်အဆင်ပြေမယ်လေ” ဟု အဆိုပါအလုပ်သမားက ပြောတာဖြစ်သည်။
အခုဆိုရင်ပါတ်စပို့ လုပ်ထားသူအလုပ်သမားများ စုစုပေါင်း ၈၀၀-၉၀၀ လောက်က မယုံကြည်တော့ဘူး ပါတ်စပို့အစစ်ရရင်အလုပ်ပြန်လုပ်မယ် မပေးရင်အလုပ်မဆင်းဘူးဆိုပြီး အားလုံးဝိုင်းတောင်းဆိုနေတာ ဖြစ်တယ်ဟု ဆန္ဒပြအလုပ်သမားများထဲက တစ်ယောက်က ယခုလိုပြောဆိုလိုက်သည်။ “ကျနော်တို့လည်း သူတို့ကိုပေးသလိုမျိုး အစစ်မဟုတ်ဘဲ အတုပေးရင် ဘယ်လိုလုပ်မလဲလေ မယုံဘူးဗျာ ကျနော်ဆီက တလကို ၁၀၀၀ ဖြတ်တယ် စုစုပေါင်း ၁၄၄၀၀ ပေးရတယ် ပိုက်ဆံပေးပြီး အစစ်မရရင် ဘယ်ဖြစ်မလဲ ဒါကြောင့် ပါတ်စပို့အစစ်ကို မပေးရင် အလုပ်ပြန်မဆင်းဘူးဗျာ တရက်ကိုမှ ၁၇၀ ဘတ်ရတာဗျ ပါတ်စပို့ဖိုးဖြတ်တာရယ် ရေဖိုး၊ မီးဖိုး ဖြတ်တာဆိုရင် အိမ်တောင်ပြန်မပို့နိုင်ဘူးဗျာ  ”
ပြီးခဲ့တဲ့ နှစ် ၁၂ လပိုင်းက အလုပ်ဖြုတ်ခြင်း ခံရတဲ့ အလုပ်သမားတွေက ယခုလို ပြောပြလိုက်သည်။ “ကျနော်တို့ တုန်းကတော့ ဘတ်ပချာ့ချွန်းပါ အဲဒီတုန်းကလဲ ၁၄၄၀၀ ပေးရတာပါပဲ ကျနော်တို့ တဖွဲ့လုံးကို ပြန်ပေးတဲ့ ဘတ်တွေက အတုတွေလေ ခုကျနော်တို့က မဟာချိုင်မှာ လုပ်နေတာပါ အလုပ်အသစ်ပြောင်းတော့ သူဌေးက နေထိုင်ခွင့် ရှိလားမေးတော့ရှိတယ်ပေါ့ အရင် ခွန်ကယ်မှာလုပ်ထားတဲ့ အကြောင်းပြောလိုက်တယ်။ ပါတ်စပို့စ်လျှောက်ထားတာလို့ပြောတော့ ဒါဆိုသူ့နာမည်ပြောင်းမယ်ဆိုပြီး နာမည်ပြောင်းတော့ ကျနော်ပုံမထွက်လာပဲ ကုလားပုံပဲ ထွက်လာတယ်လေ အဲဒီတော့မှ အတုမှန်းသိတာဗျာ အခု ဖြစ်တဲ့ (၆) ယောက်ထဲက တယောက်က ကျနော်သားဘဲလေ မိသားစုလိုက်ကို အလိမ်ခံထိတာဗျာ ဒီသူဠေးက လိမ်နေကျလို့ပဲပြောချင်တယ် ကျန်တဲ့အလုပ်သမားတွေလဲ သူဆက်လိမ်မှာပဲ မယုံကြပါနဲ့ လိုပြောချင်ပါတယ်ဟု” မဟာချိုင်ကိုရောက်နေတဲ့ ခွန်ကယ်အလုပ်သမားတဦး ကပြောဆိုတာဖြစ်သည်။
အဆိုပါ ခွန်ကယ်စက်ရုံ တွင်အလုပ်သမားစုစုပေါင်း ၂၀၀၀ မှ ၃၀၀၀ ခန့်ရှိကြောင်းအလုပ်သမားတယောက်ကို တနေ့ လုပ်အားခ ၁၇၀ ဘတ် ခန့်သာရရှိကြောင်းသိရသည်။ ယမန်နှစ် ၁၂လပိုင်းတွင်လည်း အလားတူအလုပ်သမားတချို့ကို ပေးလိုက်သော အလုပ်သမားလက်မှတ်များမှာလည်း အတုဖြစ်နေခဲ့ကြောင်း လည်းထပ်မံသိရသည်။

No comments:

Post a Comment