သတိထားကြရမယ့် LADY FIRST


သတိထားကြရမယ့် LADY FIRST
                     ကျနော် (၁၅.၀၆.၂၀၁၀) ရက်နေ့က ထိုင်းနိုင်ငံမှာ လုပ်ပေးတဲ့ Passport ကိုကျနော် သွားလုပ်ဖြစ်ခဲ့တယ်... ပါတ်စ်ပို့တင်ထားတာတော့ (3) လပိုင်း လောက်က ပါတ်စ်ပို့တင်ထားတာပါ။ ဒါတွေမပြောတော့ပါဘူး... အခုက (၁၅) ရက်နေ့က သွားတော့ ကျနော်တို့က မဲဆောက် အဖွဲ့ပေါ့လေ။ အဲ့ဒီနေ့က ဘန်ကောက်အဖွဲ့လည်း လာတာ အများကြီးပဲ။ ကျနော်တို့ မြန်မာတွေ တစ်ကယ်တန်းကျတော့ သတ္တိနည်းလိုက်တာဗျာ။ ကြောက်စရာမရှိ ကြောက်နေကြတယ်။ တောမောင်း (ခေါ်) ပလိပ် တွေက ကိုယ့်နာမည် အသက် နေရပ် တွေမေးတယ်။ စက်ရုံ အလုပ်ရုံတွေမှာ ကြတော့ နည်းနည်းလေးမထိလိုက်နဲ့ ချမယ်၊ သတ်မယ်၊ မင်းက ဘာကောင်မို့လည်း၊ အဲ့ဒီလိုပြောနေကြတယ်။
တစ်ကယ်တန်း ပလိပ်နဲ့တွေ့တော့ သူ့အဖေကြနေတာပဲ။ ကြောက်လိုက်တာ ကိုယ့်နာမည်ကိုတောင် မသိတော့ဘူး။ ကိုယ့်မှာလည်း လက်မှတ်တွေက ရှိနေပြီးသားပဲ။ သူက ကျနော်တို့ လူတွေအများကြီး ရှေ့မှာမေးတာဗျာ ဘာကြောက်စရာရှိလည်း။ မေးတာလေးတွေနဲ့ အဖြစ်အပျက်တွေ နည်းနည်းပြောပြမယ်... ရယ်လည်းရယ်ရတယ်... မခံမရပ်နိုင်တာတွေလည်း ရှိခဲ့တယ်။
ပထမ ကရင် တစ်ယောက်ကို မေးတယ်။
ပလိပ်။      ။ မင်းနာမည်ဘယ်လိုခေါ်လည်း
ကရင်။      ။ မောင်.......
ပလိပ်။      ။ မင်းဘာလူမျိုးလည်း .... ခပ်တည်တည်နဲ့မေးတယ်။
ကရင်။      ။ ?????????? ဘာတွေဖြေနေမှန်းကို မသိတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာလူမျိုးဆိုတာ မသိတော့ဘူး။ သူ့ကြည့်လိုက်တော့ ဒူးတွေတုန်းနေတယ်...
                 ဒါမျိုးက မဖြစ်သင့်ဘူး... မေးရင်းနဲ့ ပလိပ်က ဒေါသတွေထွက်လာတာပေါ့။ အဲ့ဒါနဲ့ ကျနော်တို့ စကားပြန်က မေးပေးတယ်။ အဲ့ဒါတောင် မနည်းမေးရတယ်... ကရင်                                  လို့ပြောလိုက်ရင်ရနေပြီပဲ။ ခက်တာက ကိုယ်ဘာလူမျိုးဆိုတာကို မသိတော့ သူတို့ ဘယ်လိုများ ကြီးပြင်းလာသလဲလို့ စဉ်းစားစရာပဲဗျာ။
နောက်တစ်ယောက်
ပလိပ်။      ။ မင်းနာမည်ဘယ်လိုခေါ်လည်း
ဗမာ။        ။ မောင်........
ပလိပ်။      ။ မင်းဘာလူမျိုးလည်း....
ဗမာ။        ။ ဗမာ
ပလိပ်။      ။ ဘယ်မှာနေတာလဲ။
ဗမာ။        ။ ပဲခူး
ပလိပ်။      ။ မိန်းမရှိလား။
ဗမာ။        ။ ရှိတယ်...
ပလိပ်။      ။ မိန်းမနာမည် ဘယ်လိုခေါ်လည်း
ဗမာ။     ။ သူ ဘာပြောရမှန်းမသိဘူး... ပလိပ်က လည်းထပ်မေးနေတယ်... ဒီလူကလည်း တော်တော်လေးကို စဉ်းစားနေတာ ခေါင်းတွေလည်းကုတ်ပေါ့..
                 ကြည့်ရတာ ဒီလူ မိန်းမနာမည်တစ်ကယ်မသိတာလား... မိန်းမတွေများနေတာလား... တစ်ခုခုဖြစ်နိုင်တယ်ပေါ့ဗျာ။ အဲ့ဒါနဲ့ သူက ထသွားပြီးတော့ သူ့ သူငယ်ချင်းကို သွားမေးတယ်... ငါ့မိန်းမနာမည် ဘယ်သူလည်းပေါ့... မေးပြီးတော့ ပြန်ပြောတယ်.... ဒီလိုမျိုးတွေလည်း ရှိသေးတယ်။ ဒါနဲ့ ပလိပ်က သူ့လက်ကိုဆွဲပြီး (မင်) နဲ့ ရေးပေးလိုက်တယ်။ 
နောက်တစ်ယောက်
ပလိပ်။      ။ မင်းနာမည် ဘယ်လိုခေါ်လည်း။
ဗမာ။        ။ မ.........
ပလိပ်။      ။ အသက်ဘယ်လောက်လည်း။
ဗမာ။        ။ ၂၇
ပလိပ်။      ။ ယောက်ကျားရှိလား။
ဗမာ။        ။ မရှိဘူး။
                 သူက ထိုင်းစကားတတ်တယ်... ထိုင်းလိုပြောနေတာပေါ့ဗျာ... ရုပ်ကလည်းချောနေတာပဲဗျ။ ဝတ်တာကလည်း သူနဲ့ တော်တော်လေးကို လိုက်ပါတယ်... ပလိပ်(ထိုင်း လ.ဝ.က) ကလည်း သရေကျနေတာ... မျက်လုံးကလည်း ကျွတ်ထွက်တော့မယ်။ သူတို့ နှစ်ယောက် လူတွေအများကြီး ရှေ့မှာ စကားပြောနေတာ ရယ်လိုက် မောလိုက်ပေါ့... ( ၁၀ ) မိနစ်ကြာသွားတယ်။ တစ်ကယ်ပဲ။
အဲ့လိုပြောနေတော့ သူတို့ တွေက အဲ့ဒီကောင်မလေးကို တော်တော် သဘောကြသွားတယ်ဗျ။ ပလိပ် အသက်တွေကိုလည်း မေးဦးနော်... အဘိုးကြီးတွေဖြစ်နေပြီ... သိတယ်မို့လား တောမောင်းရုံး(လ.ဝ.က) မှာလေ... လူငယ်တွေဆိုလို့ လက်ဗွေနှိပ်တဲ့ နေရာပဲ ရှိတယ်... ဆက်ပြောဦးမယ်...
                 ဒါနဲ့ အားလုံးမေးပြီးတော့ လက်ဗွေနှိပ်သွားကြပါလေရော... ဟိုမှာက ဒီကောင်မလေး သတင်းက ရောက်ပြီးသား... ကျနော်တို့လည်း အကုန်လုံးထိုင်ပြီးတော့ စောင့်ရတာပေါ့... သူတို့ စပြီးခေါ်တယ် မိန်းကလေးတွေ အရင်လာတဲ့။ အဲ့ဒီကောင်မလေးကို အရင်ခေါ်ပါတယ်... သူကိုယ်က မနေတတ် မထိုင်တတ်။ အိနြေ္ဒ မရဘူး။ ထိုင်း ( လ.ဝ.က ) တွေက လက်ဗွေနှိပ်ပေးတယ်ဆိုတော့ လက်တွေကိုကိုင်ပြီး နှိပ်ကြတယ်လေ... ဒါအခွင့်ကောင်းပေါ့ သူတို့ အတွက်။ အဲ့ဒါနဲ့ လက်ကို ကိုင်တယ် သူတို့ အချင်းချင်းလည်း ဗမာစကားပြောတယ် နှာဘူးတွေ လို့ပြောတယ်။ အဲ့ဒီမိန်းကလေးလက်ကို သေချာကိုင်ပြီးတော့ သူနဲ့ နှစ်ယောက်တည်း စကားပြောလိုက် ရယ်လိုက် .. ထိုင်း (လ.ဝ.က) ကောင်က လက်ကို သေချာကိုင် တစ်ယောက်ကို ဓါတ်ပုံတွေရိုက်ခိုင်း.... ထိုင်း ( လ.ဝ.က ) တွေက ပြောတယ် သူ့ကို ကပ်ပြီးတော့ နေပေါ့.. ကောင်မလေးကလဲ ကြောက်တဲ့ပုံတော့ မဟုတ်ဘူး မြန်မာတွေမှာ အားနာတာတွေ က အိနြေ္ဒ ကိုပျက်စေတယ်ဗျာ... သူကလည်း အဲ့ဒီကောင်ကို မျက်လုံးလေးနဲ့ ဆွယ်သလိုပေါ့ဗျာ .. အမျိုးမျိုး လုပ်ပြနေတာကို အားလုံးတွေ့တယ်.. ဟိုကောင်တွေက အနားက မခွာဘူး။ အဲ့ဒီတစ်ယောက်ကိုပဲ ဝိုင်းကြည့်ပြောနေကြတာ... ကောင်မလေးကလည်း ထိုင်းစကားတတ်တော့ ပြန်ပြောပေါ့... ကျနော်တို့ဗျာ ရင်ထဲမှာ တစ်ကယ်စိတ်မကောင်းဖြစ်တယ်... သူ့ရဲ့ အိတ်ကိုလည်း တစ်ယောက်က ချွတ်ပေးတယ်။ ခဏနေကြတော့ သူ့ကို အဲ့ဒီကောင်က ဘေးနားက အခန်းကို လာခဲ့ပေါ့ဗျာ... ကျနော်က သူတို့ လက်ဟန်ခြေဟန်ကို သိတယ်လေ။ အဲ့ဒီကောင်မလေးက အဲ့ဒီအခါကြတော့မှ မလိုက်ဘူးပြောတယ်... ကျနော်လည်း မနေနိုင်တော့ ထပြောလိုက်တယ်။ လိုက်သွားလို့ ပြောလိုက်တယ်။ ကျနော့ဘေးမှာလည်း ကောင်မလေးတွေ အမကြီးတွေ ရှိတယ်။ သူတို့တွေလည်း အတုယူလို့ ကျနော်ကပြောတယ်... အဲ့ဒီတော့မှ ကောင်မလေးလည်း တော်တော်လေးကို ရှက်သွားတယ်ထင်တယ်... သူစကားရိုင်းရိုင်းတွေ ပြန်ပြောတယ် ... ဒါလည်းဟိုကောင်တွေက ဝိုင်းဟားနေတာပဲ... အခုမှတော့ မရတော့ဘူးလေ အစတည်းက ခပ်တည်တည်နေပေါ့။ အဲ့လိုပဲ လက်ဗွေနှိပ်တဲ့ မိန်းကလေးတွေ ပါတယ်.. သူတို့က လက်ကို သေသေချာချာကို ကိုင်ကြည့်နေတာဗျာ။ ကျနော်ကပဲ လိုက်ကြည့်နေလို့လားတော့ မသိဘူး။ အော် အော် ကျနော်တို့ မတိုင်ခင်ကလည်း မိန်းကလေး ဘယ်နှစ်ယောက်လောက်ကိုများ နှောက်ယှက်ပြီးပြီလဲ။ နောက်ထပ်ရော ဘယ်လိုများစခန်းသွားကြမှာလဲ။ ကိုယ်က အနေတတ်ရင်တော့ သူတို့ မလုပ်ပါဘူး... ကိုယ်ကလည်းမှားနေတော့ အားလုံးပဲ စိတ်မကောင်းဖြစ်ကြရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ဘူးဗျာ... ကျနော်ကတော့ ကိုယ်နဲ့ သိတဲ့မိန်းကလေးတွေကို သတိတော့ပေးလိုက်ပါတယ်.. အားလုံးဆင်ခြင်ကြပါလို့... သူတို့တွေကတော့ မြန်မာမိန်းကလေးဆို သိတယ်မို့လား ... အကြိုက်ပဲလေ။ ထိုင်းနိုင်ငံမှာ မြန်မာမိန်းကလေးဆို အင်္ဂလိပ်လိုပြောမယ်နော် LADY FIRST သိတယ်ဟုတ်။ အလုပ်ခေါ်မယ်ဆိုကြည့်လိုက် မိန်းကလေး အလိုရှိသည်။့ ဆက်ပြောရင် အရှည်ကြီးပေါ့ဗျာ... အဲ့ဒီတော့ အလိုရှိတဲ့ မိန်းကလေးများ ၊ အမကြီးများ၊ အဒေါ်ကြီးများ အားလုံးသတိထားကြပေါ့... ထိုင်းတွေက ဆိုရင် LADY FIRST.
 POST BY - THEIN TIN

No comments:

Post a Comment