ယောနယ်တွင် နွေရာသီသွားလာရေးအတွက် ကိုယ့်အားကိုယ်ကိုး ၀ါးတံတားလေးများကို အားကိုးသွားရ

ပွင့်လင်းရာသီရောက် ချိန်တွင် ယောနယ်၌ သွားရေးလာရေး အဆင်ပြေစေရန် ချောင်းကူး၊ မြစ်ကူးဝါး တံတားလေးများဖြင့် ကိုယ့်အားကိုယ်ကိုးပြု လုပ်ကာ သွားလာနေရကြောင်း သိရသည်။

ဝါးတံတားလေးများကို တစ်ရွာ နှင့်တစ်ရွာကူးလူးသွားလာရာ၌လည်း ကောင်း၊ တောတောင်များအတွင်းရှိ လယ် ယာတောများသို့ သွားလာရာ၌လည်းကောင်း လွယ်ကူစွာ ဖြတ်သန်းနိုင်ရန် ဆောက် လုပ်ထားကြခြင်းဖြစ်သည်။
ဝါးတံတားလေးများမှာ ချောင်း ရေ၊ မြစ်ရေကျလာသည့်အခါ ရေထဲတွင် ငုတ်စိုက်၍ အပေါ်က ၀ါးတန်း၊ ၀ါးကပ် ခင်းကာ တည်ဆောက်ထားခြင်းဖြစ်သည်။
ချောင်း၊ မြစ်များတွင် ဖြတ်ကူး ရသော ၀ါးတံတားကြီးများကို ရွာသူရွာသား တို့၏ လုပ်အားဒါနအဖြစ် စုပေါင်းတည် ဆောက်ကြပြီး ယာခင်းသွား ချောင်းငယ် မြောင်းငယ်များတွင် ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ကြသည်။
ဝါးတံတားလေးများမှာ နှစ်စဉ် ရေကျချိန်ရောက်တိုင်း ပေါ်လာကြပြီး မိုး ဦးကျတောင်ကျရေများ ပြည့်လျှံပါက မျော ပါသွားလေ့ရှိသည်။
ထိုအခါ နောက်နှစ်ပွင့်လင်း ရာသီရောက်သည့်အခါ ပြန်လည်အသစ် တည်ဆောက်ကြရသည်။ ဤသို့ဖြင့် ယော နယ်ရှိ ၀ါးတံတားလေးများမှာ ပွင့်လင်းရာသီ
၌ ပေါ်လာသော ယောနယ်၏ အလှတရား တစ်ခုဖြစ်သည်ဟု ယောသူယောသားတို့ က မှတ်ယူအသုံးပြုနေကြဆဲဖြစ်သည်။

No comments:

Post a Comment