လမ်းခွဲတာ ဝမ်းနည်းစရာလား

မြစ်ပြင်ထဲက ဗေဒါပင်တွေဟာ

လေကြောင့်ပဲ ပေါင်းဆုံကြသလို

လေကြောင့်ပဲ ကွဲကွာသွားကြပါတယ်


သံသရာမြစ်ပြင်ထဲ လူသားတွေဟာလည်း

ကံကြောင့်ပဲ ဆုံစည်းခွင့်ရကြသလို

ကံကြောင့်ပဲ ခွဲခွာကြရပြန်ပါတယ်

ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့

လမ်းခွဲတာ ၀မ်းနည်းစရာမလိုပါဘူးလေ။

အရှင်ဆန္ဒာဓိက

No comments:

Post a Comment