“အိပ်မက်ဖန်ဆင်းရှင်သို့”

မနက်ဖြန်တွေဟာ နင်ရော ငါရော ပိုင်ဆိုင်ခဲ့
ဖြူစင်ခြင်းရဲ့ စေတမာန်၊
အမှန်ဆုံး သစ္စာစကားနဲ့

ငါ့အချစ်စကားကို နာကြားလှည့်ပါ။
နင်ဟာ ငါ့ရဲ့ ရှင်ခြင်း သေခြင်း ပိုင်စိုးရာ စစ်တလင်းတစ်ခု
အိပ်မက်ဖန်ဆင်းရှင်မို့။
ဆူးငြိခံမဲ့ သတ္တဝါ
ငါဆိုတာ သေချာခဲ့ပြီပဲ။

(စက်ရုံ အလုပ်သမားတစ်ဦး)
၃.၁၂.၂၀၀၉

No comments:

Post a Comment