သည်ခေတ်ကြီးနှင့် သည်လူတွေ

သည်ခေတ်ကြီးနှင့် သည်လူတွေ
နေရာရပ်တွင်၊ စည်းရိုးပျက်နှင့်
သက်ငယ်ယှက်မိုး၊ ဝါးထရံကျိုးဖြင့်
အချိုးအဆစ်၊ မပြေပြစ်လည်း
ချစ်ဖြော့မှေးမှိန်၊ သည်စံအိမ်ကို
တစ်ကြိမ်တစ်ခေါက်၊ ဧည့်သည်ရောက်တိုင်း
လျောက်ပတ်ချေငံ၊ သူဆက်ဆံလို့
တုန့်ပြန်ပေးကြ၊ တည်းခိုခဖြင့်
ဘဝတိုက်ပွဲ ဝင်နေတကား...။
အော်...အရင်းရှင်စနစ်၊ လွှမ်းမိုးခဲ့သည့်
ခေတ်၏အမွေ၊ ပဋိသန္ဓေတို့
လူ့မြေမရောက်၊ လမ်းတွင်ပျောက်ပြီ
ကမောက်ကမ၊ ဒီဘဝမှာ
နွမ်းလျနွမ်းစွာ၊ ဝမ်းတထွာကြောင့်
သပြာကြေးပြား၊ ချေးကစား၍
သွေးသားပေးယူ၊ မူမတူလည်း
လူသတ်နေပြီမဟုတ်လော...။   ။
မောင်ဆွေနွယ်
၁၉၆၃-ခု အောက်တိုဘာလ အမှတ် (၁၉) ဗမာပြည်ကာနယ်ဇင်း မှ..

No comments:

Post a Comment