ကျနော့်ရဲ အမှတ်တရပါ

1. ၂၀၀၄ ခုနှစ် Happy New Year ညရဲ့ အမှတ်တရလေးတွေကို ပြန်လည်သတိရနေပါတယ်။ ဝန်ထမ်း မိတ်ဆွေ သူငယ်ချင်းများက ကျနော့ကို ဒီည အခုအလုပ်မှာပဲနေဖို့ရယ်၊ နောက်သူတို့နဲ့ အတူတူပျော်ရွှင်ဖို့ပြောပါတယ်။ သူတို့နဲ့ ပျော်ရွှင်ဖို့ ဖိတ်ခေါ်တာကို တစ်ကယ်ပဲ ရင်ထဲမှာ ပျော်ရွှင်ခဲ့ပေမယ့် စိတ်ထဲမှာတော့ မပျော်ရွှင်နိုင်တာတွေ ရှိခဲ့ပါတယ်။

2. နောက်ကျနော်က ဆောက်လုပ်ရေးမှာအလုပ် လုပ်တယ်ဆိုတော့ ဆိုဒ်ခွဲတစ်ခုဖြစ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းက ကွန်ဒိုမီနီယံကို Happy New Year ညမှာအရင်ဆုံးသွားခဲ့ပါတယ်။ အမှတ်ရဆုံးညလေးပါ။ ရွှေဟင်းသာကွန်ဒို မှာ (Happy New Year) ကသူငယ်ချင်းများလို့သာပြောတာ သူတို့က ကျနော့်ထက် အသက်နည်းနည်းကြီးကြတယ်။ အဲ့ဒီတုန်းက အသက်က ၂၅ နှစ်ထဲမှာပေါ့။ ကျနော်က သူတို့နဲ့သိပ်မပျော်ရဲပါဘူး။ ကျနော့်စိတ်ထဲမှာက ကျနော်က ကိုယ့်ကိုယ်ကို အားငယ်နေတယ်လေ။ ကျနော်က အခုသူတို့လို ပိုက်ဆံရှိတဲ့သူတွေနဲ့ သိပ်ပြီး စကားမပြောခဲ့လို့ပါပဲ။ ဒါကြောင့်သူတို့ကို ကျနော်က စကားပြောရမှာကို ရှိန်နေခဲ့တယ်။
3. အဲ့ဒီညက သူတို့က ပါဆယ်ဂိမ်း ကစားကြတယ် ကျနော်ကတော့ မမီလို့ သူများက ကိုယ်စားမဲနှိုက်ပေးတယ်။ အကောင်းစားရေမွှေးပုလင်း ပေါက်တယ်။ နောက်အမ တစ်ယောက်က ၂၀၀၅ ခုနှစ် ဒိုင်ယာရီကို တစ်ယောက်တစ်အုပ် လက်ဆောင်ပေးတယ်ခဲ့တယ်။ စာအုပ်က တော်တော်ကောင်းတယ်။ ကျနော်ဆို မဝယ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့တုန်းက လစာက ၂၅၀၀၀ ပဲရတယ်လေ။ ဝယ်လိုက်မယ်ဆိုရင် စားစရာမရှိမှာဆိုးလို့ပါ။ ကျနော်က အသုံးများတယ်လေ။ ထားလိုက်ပါ။ အဲ့ဒီအမကို အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်စိတ်မကောင်းတာက အဲ့ဒီအမကို အခုကိုယ်တိုင် နာမည်ကိုစဉ်းစားနေတာ။ မေ့နေတယ်။ မှတ်တမ်းကလဲ မြန်မာပြည်မှာ ကျန်ခဲ့တယ်လေ။ ကျနော်အဲ့ဒီညက မပျော်ချင်းပဲ ပျော်ခဲ့ရတယ်လေ။ မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
4. ဒါပေမယ့် သူတို့ကတော့ ကျနော်ကို ဖြူဖြူစင်စင်နဲ့ ခင်တယ်ဆိုတာကို အခု အင်တာနက်ကနေ တွေ့မှပဲ သိခဲ့ရပါတယ်။ အင်တာနက်ကနေ တစ်နေ့ ရှာမယ်ဆိုပြီး လိုက်ရှာတာ မိတ်ဆွေတစ်ယောက်ကို သွားတွေ့ခဲ့တယ်။ သူကတော့ အခု စင်္ကာပူမှာ အလုပ်လုပ်နေပြီလေ။ သူက ဆောက်လုပ်ရေး အင်ဂျင်နီယာပေါ့။ ကျနော်တစ်ကယ်ကို သူတို့နဲ့ တွေ့မယ်ဆိုတာကို မထင်ခဲ့ပါဘူး။ အခုတော့ သူငယ်ချင်း မိတ်ဆွေတွေကို Gtalk ကနေစကားပြောနေပါပြီ။ ဘာလို့ အခုလို စိတ်ထဲရှိတာကိုရေးရတာလဲဆိုတော့ ရွှေဟင်းသာကွန်ဒို မှာကျနော့် အတွက် တစ်သက်လုံးမမေ့နိုင်တဲ့ အမှတ်တရလေးတွေရှိခဲ့လို့ပါပဲ။ ကြုံတုန်းပြောလိုက်မယ်နော်… အမှတ်တရဆိုတာ ရည်းစားရှိခဲ့လို့ မဟုတ်ပါဘူးနော်။ အလုပ်လုပ်နေရင်းနဲ့ ဖြစ်နေတဲ့ ဖြစ်ခဲ့တဲ့ အခက်အခဲ တွေကိုပြောတာပါ… စာရေးတာတော့ရှည်သွားပြီ…။

1 comment:

  1. I'm sorry for your 2004 new yr night feeling.
    We wanted to be friend with you but you didn't give us a chance to become a friend.:)
    Anyhow, now, you are my friend. Right???

    ReplyDelete