“ ရင်ဖွင့်ခံစားချက်မှ ညီညွတ်ချင်းဆီသို့”

“ ရင်ဖွင့်ခံစားချက်မှ ညီညွတ်ချင်းဆီသို့”

မဲဆောက်သိုးမွေးနဲ့ မြန်မာအလုပ်သမားများ
ကြိုးစားရှာဖွေ ဒို့တစ်တွေ၊
လုပ်လိုက်ကြသော် နေ့/ ည မလပ်
သတ်မှတ်ပါသည် ဒါဇင်ဈေး၊

ဈေးနည်းသော်လည်း ရက်ချိန်းမမှန်
ဟိုရက် ဒီရက် ချော့ပြီးခိုင်း၊
ချောက်ကာ မြှောက်ကာ ပြောလိုက်တာ
ရက်ပေါင်ကြေးလည်း မနည်းတော့ပါ။
ဆရာကတစ်မျိုး သူဌေးက တစ်ဖုံ
အလုပ်သမားတွေ စိတ်ညစ်ကုန်၊
တစ်ရုံမကောင်း တစ်ရုံပြောင်း
ပြောင်းသည့်ရုံတိုင်း ဆန္ဒပြ၊
ဆန္ဒပြသည် မညီညွတ်
ခံလိုက်ဦးစို့ အလုပ်သမားဖွတ်။်
ဖွတ်မဖြစ်ရေး လေ့လာပေး
အသိပညာတိုးပွားရေး၊
နီးစပ်ရာတွင် လေ့လာဖို့
မှတ်သားပြီးလျှင်ညှိနှိုင်းစို့၊
တိုင်ပင်ညှိနှိုင်း အလုပ်သမားတိုင်း
ဇွဲရှိအောင်မြင် ညီညွတ်ခြင်းအသွင်
တိုက်ပွဲဝင်ရင်း အောင်ပွဲဆင်ကြပါစို့။

စာရေးသူ
တိုက်ပွဲဝင်
(အလုပ်သမား)

No comments:

Post a Comment