ကိုယ်တိုင် လေ့လာကြည့်ပါ

1. မြတ်နိုးဖွယ်ရာဆက်ဆံရေးမှန်သမျှတို.ကို ဖျက်ဆီးတတ်သောအရာသည် “ သံသယ” ဖြစ်သည်။

2. ‘ စိတ်’ ဆိုတာ ‘ဆိုး’ ရမယ့်အရာမဟုတ်ဘူး ‘ ခိုင်’ အောင်လုပ်ရမယ့်အရာ။
3. ပွင့်လင်းမှုရှိသောသူသည် လောလောဆယ် အခက်အခဲ တွေ.နိုင်သော်လည်း နောက်ပိုင်းတွင် ပြဿနာကင်းစွာ နေရပေလိမ့်မည်။
4. သစ္စာရှိသော အချစ်ဦးကို လိုချင်လျှင်တော့ သင်ကိုယ်တိုင် အချစ်ဦးအဖြစ် အစမ်းသပ်ခံနိုင်ရန် အရင် ကြိုးစားထားသင့်ပါသည်။
5. အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း ဟူသည် သင့်အရည်အချင်းကို စမ်းသပ်သော မှတ်ကျောက်များသာ ဖြစ်သည်။
6. ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်းနှင့် ရှုံးနိမ့်ခြင်းသည် ၄င်းတို.အား ကောင်းစွာ အသုံးချနိုင်ပါက သင်လျှောက်သောလမ်းတွင် တန်ဖိုးမဖြတ်နိုင်သည့် ကြီးမားသော ခွန်အားများဖြစ်စေနိုင် ပါသည်။
7. တစ်ကြိမ်တည်းနှင့်တော့ သင်လိုချင်တာကို မရနိုင်စေကာမူ အကြိမ်ကြိမ်ကြိုးစားလျှင်တော့ ရနိုင်မည့်နည်းလမ်းကို တွေ.နိုင်ပါတယ်။ (စာရေးသူ)မင်းသိင်္ခ

No comments:

Post a Comment