ကမ္ဘာကြီးပေါ်မှာ Portable , Mobile နဲ့နေကြတာပေါ့...

ဒီကနေ ပုံတွေကို ဆက်ကြည့်နိုင်ပါတယ်...ဒီလိုမျိုးနေရရင် မကောင်းဘူးလား။ ကမ္ဘာကြီးပေါ်မှာ Portable , Mobile နဲ့နေကြတာပေါ့... 

“မင်း ခံစားမှ သိမယ်”

"မင်း ခံစားမှ သိမယ်"

ကျနော်ကတော့ အခုလိုခေါင်းစဉ်ကိုပြောင်းလိုက်တယ်... 
အမှန်က “ မင်း....သိမယ် ” ဆိုတဲ့ခေါင်းစဉ်ပါ...
မင်းဆင်းရဲခဲ့ဖူးမှ
ဆင်းရဲတဲ့ ခါးသီးမှုကိုသိမယ်၊
မင်းချမ်းသာခဲ့ဖူးမှ
မအေးချမ်းတဲ့ ရသကိုသိမယ်၊
မင်းအယုအယ ခံစားဖူးမှ
အချစ်အကြင်နာတရားကိုသိမယ်၊
မင်း ချစ်ကြင်သူ ဆုံးပါးခဲ့ဖူးမှ
အထီးကျန်ဘဝကို သိမယ်၊
မင်းအတ္တဆန်ခဲ့ဖူးမှ
ပရဟိတသမားကို သိမယ်၊
မင်းလောဘဇောတက်ခဲ့ဖူးမှ
သန္တိသုခရောင့်ရဲစိတ်ကို သိမယ်၊
မင်းကြောက်ရွံ့ နောက်တွန့်ခဲ့ဖူးမှ
ကိုယ်ကျိုးစွန့်စိတ်ကို သိမယ်၊
မင်းအိုမင်းမစွမ်းချိန်ရောက်မှ
နုနုငယ်ငယ် ဘဝကို လွမ်းဖို့သိမယ်၊
မင်းဘဝစဆုံး စေ့စေ့တွေးခဲ့ဖူးမှ
ဘယ်သူမှ ဘာမဟုတ်တာကို သိမယ်၊
မင်းအားလုံးသိတယ် အထင်ကြီးပြီးမှ
ဘာမှ မသိသေးဘူးဆိုတာသိမယ်၊
ငါတော့ ဘာမှ မဟုတ်၊ ဘာမှ မသိသေးဘူးဆိုတာကို
ဒီနေ့ သိလိုက်ရတယ်။...။
  ကလျာ မဂ္ဂဇင်း
ဒီဇင်ဘာ ၂၀၀၉
စိုးလှိုင်တင့်

သည်ခေတ်ကြီးနှင့် သည်လူတွေ

သည်ခေတ်ကြီးနှင့် သည်လူတွေ
နေရာရပ်တွင်၊ စည်းရိုးပျက်နှင့်
သက်ငယ်ယှက်မိုး၊ ဝါးထရံကျိုးဖြင့်
အချိုးအဆစ်၊ မပြေပြစ်လည်း
ချစ်ဖြော့မှေးမှိန်၊ သည်စံအိမ်ကို
တစ်ကြိမ်တစ်ခေါက်၊ ဧည့်သည်ရောက်တိုင်း
လျောက်ပတ်ချေငံ၊ သူဆက်ဆံလို့
တုန့်ပြန်ပေးကြ၊ တည်းခိုခဖြင့်
ဘဝတိုက်ပွဲ ဝင်နေတကား...။
အော်...အရင်းရှင်စနစ်၊ လွှမ်းမိုးခဲ့သည့်
ခေတ်၏အမွေ၊ ပဋိသန္ဓေတို့
လူ့မြေမရောက်၊ လမ်းတွင်ပျောက်ပြီ
ကမောက်ကမ၊ ဒီဘဝမှာ
နွမ်းလျနွမ်းစွာ၊ ဝမ်းတထွာကြောင့်
သပြာကြေးပြား၊ ချေးကစား၍
သွေးသားပေးယူ၊ မူမတူလည်း
လူသတ်နေပြီမဟုတ်လော...။   ။
မောင်ဆွေနွယ်
၁၉၆၃-ခု အောက်တိုဘာလ အမှတ် (၁၉) ဗမာပြည်ကာနယ်ဇင်း မှ..

ကဲ Shortcut နဲ့ သုံးကြမယ်ဆိုရင်တော့....

မိမိကွန်ပြူတာကို Shortcut နဲ့သုံးပြီး လေ့လာရင် ပိုမြန်နိုင်ပါတယ်။
download here! ဒီမှာ ဒေါင်းပြီး
ဖတ်စေချင်ပါတယ်....

Hardisk ကို Partation လုပ်ချင်လျှင်

ဝယ်လာခဲ့တဲ့ Hardisk ကို Partation များလုပ်နိုင်ရန်
download here! ဒီမှာ ဒေါင်းပြီး
ဖတ်လိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်။