မဲဆောက်ဒေသတွင် အလုပ်သမားများ လက်မှတ်မရှိ၍ ဖမ်းခံခြင်းများနှင့် ကြုံတွေ့နေခြင်း

၈.၁.၂၀၁၁ ရက်နေ့ ညနေ (၄း၀၀)ခန့်တွင် ကွမ်ရုံ(စက်ချုပ်ရုံ) တွင် တောမောင်းများသည် မြန်မာ လုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်၊ လက်မှတ်များစစ်ဆေးရာ မည်သည့်အထောက်အထားမှ မရှိသဖြင့် မြန်မာအလုပ်သမား (၁၁၀) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ကျား (၃၀) ဦးကျော်နှင့် မ (၇၀)ဦး ခန့် ဖြစ်ပါတယ်။ ရဲစခန်းတွင် စစ်ဆေးပြီး အချုပ်ခန်းတွင်းသို့ ပို့ဆောင်ခဲ့ပါတယ်။ ၎င်းညတွင်းချင်းပင် အလုပ်သမားများ အစားအစာမစားရသေးသောကြောင့် အလုပ်သမားအဖွဲ့မှ မားမားပြုတ်ကျော်နှင့် ထမင်းများကို ဗူးနှင့်ထည့်၍ သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။
၁၀.၁.၂၀၁၁ ရက်နေ့ညနေတွင် တရားရုံးတွင် အမိန့်ချပြီး အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပါတယ်။ ၁၃.၁.၂၀၁၁ ရက်နေ့တွင် ရုံးချိန်းပြန်ခေါ်ပြီး အလုပ်သမားများအားလုံးကို ညနေတွင် လွှတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ ၁၃.၁.၂၀၁၁ ရက်နေ့ညနေတွင် အချုပ်ခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ၁၄.၁.၂၀၁၁ ရက်နေ့ မနက် ၉း၀၀ နာရီတွင် ကမ်းနဖူး တောမောင်းရုံးမှ တဆင့် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ သို့သော် အချုပ်ခန်းတွင် ကျား (၉)ဦးနှင့် မ (၆) ဦး ၁၄.၁.၂၀၁၁ ရက်နေ့ညနေမှသာ လွတ်ပေးရန်ကျန်ရှိနေခဲ့ပါသေးသည်။
မယ်တောင် ပန်းရုံခေါ် (စက်ချုပ်ရုံ) တွင်လည်း ၈.၁.၂၀၁၁ ရက်နေ့ည (၇) နာရီတွင် ညတွင်းချင်း တောထဲသို့ စက်ရုံမှပို့ဆောင်ပေးခဲ့ပါတယ်။ တောထဲတွင် စက်ရုံသူဌေးမှ အစားအစားများ လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ၁၃.၁.၂၀၁၁ ရက်နေ့ညနေမှ စက်ရုံသို့ ပြန်လည် ခေါ်ဆောင်ပေးပါတယ်။ 
      ၁၃.၁.၂၀၁၁ ရက်နေ့တွင်လည်း ဖိနပ်စက်ရုံခေါ် (စက်ချုပ်ရုံ) မှ အလုပ်သမားများ (၅၁) ဦးကိုလည်း ဖမ်းဆီးထောင်ချခံထားရကြောင်း သိရပါတယ်။ 
     
Post By: Thein

No comments:

Post a Comment