အနှိုင်းမဲ့ ဆရာမေတ္တာ


အနှိုင်းမဲ့ ဆရာမေတ္တာ

ဆရာ့မေတ္တာ စမ်းရေပမာ
အေးချမ်းသော်လည်း
နွေမှာ ခမ်းတတ်သည်…
ဆရာမေတ္တာ ပန်းရွှေကြာ
သင်းပျံ့ပါလည်း
နေမှာ နွမ်းတတ်သည်…
ဆရာ့မေတ္တာ မီးအိမ်ပါ
ထွန်းလင်းသော်လည်း
တစ်ချိန် တစ်ခါ ငြိမ်းတတ်သည်…
နှိုင်းယှဉ်ပမာ မိုးကုတ်စက်ဝိုင်း
ကောင်းကင်ပြင်အလား
အဆုံးအစမရှိပါတကား…။
" ဆရာတွေရဲ့ မေတ္တာဟာ အနှိုင်းမရှိ ၊ အဆုံးမရှိကြောင်းကို ပုံဖော်လိုခြင်း။ "
5.Oct.2010 World Teachers Day
ဘန်နွန်းဘဝအရည်အသွေး
 မြှင့်တင်ရေး စာသင်ကျောင်းမှ -
 ဆရာမ မပိုးစန္ဒီ

No comments:

Post a Comment