ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အမှတ်တရ ကြေကွဲပုံရိပ်များကို ပုံနှင့်တစ်ကွ သီချင်းကို ဒီမှာသွားရောက် ကြည့်ရှုနိုင်ပါတယ်...
ချစ်ကြည်ရေး ဖျော်ဖြေမည်
ဒီဇင်ဘာ (၁၂) ရက်မှ (၁၃) ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက် အားကစားကွင်းပြင်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေး စင်မြင့်ဖျော်ဖြေပွဲကို ကျင်းပမှာဖြစ်ပါတယ်။ ဖက်ရှင်ပြိုင်ပွဲလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။
အာဇာနည်၊ ထွန်းအိန္ဒြိာဗိုလ်၊ ဖြူဖြူကျော်သိန်း၊ ဖိုးကာ တို့နှင့်အတူ
ထိုင်းနာမည်ကြီး အဆိုတော် နှစ်ဦးလည် သီဆိုမှာဖြစ်ပါတယ်။
အချိန်ကတော့ ညနေ (၄) နာရီမှ (၁၂ ) နာရီ အထိ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း မြန်မာရှိုးပွဲတွေ များလာပါတယ်။ ပြောတာကတော့ ချစ်ကြည်ရေး၊ လုပ်နေတာကတော့...................။ တစ်ဆက်တည်းမှာပဲ ဘန်ကောက်မှာလည်း
၂၀၁၀ ခုနှစ် လဆန်းပိုင်းမှာလည်း ရှိုးပွဲ ရှိပါသေးတယ်။

ထိုင်းဘုရင် ၈၂ နှစ်မြောက် မွေးနေ့

ထိုင်းနိုင်ငံ ဘုရင် ၈၂ နှစ် မွေးနေ့တွင် လာရောက်သီဆိုထားတာပါ။ မြန်မာ မင်းသမီး အတော်များများ သူများနိုင်ငံမှာ သီချင်းဆိုရင် အနက်ရောင်ဝတ်စုံကို တော်တော်များများ ဝတ်တာတွေ့ရပါတယ်။
သိတဲ့သူများရှိရင် ဖြေပေးပါဦးခင်ဗျာ။ ဇော်ပိုင် နဲ့ ရေဗက္ကာဝင်း တို့ကတော့ ဒုတိယနေ့မှ လာရောက် သီချင်းဆိုတာပါ။ ပထမနေ့ကတော့ အလိမ်ခံရတယ်ဗျာ။ တစ်ကယ် မကောင်းဘူး။ မြန်မာ ပြည်သားတွေကတော့ သိတဲ့အတိုင်းပဲ မလာတော့ ပြောကြတယ်။ လာတော့လည်း ထိမ်းမနိုင်အောင် ပျော်ကြတယ်။ သူတို့ ကြေညာထားတာက စိုင်းစိုင်းခမ်းလှိုင်း၊ ဇော်ပိုင်၊ ကြိုးကြာ၊ ရေဗက္ကာဝင်း တို့ဖျော်ဖြေမယ်တဲ့။ အခုတော့ ဘယ်လိုပြောရတော့မလဲ။ မြန်မာတွေ အချင်းချင်း လိမ်တာ၊ ညာတာ၊ မဟုတ်တာကို အဟုတ်ပြောနေတာ၊ လုပ်ပိုင်ခွင့် နည်းနည်းပေးရင် များများလုပ်ကြတာ အဲ့ဒါတွေရှိနေသေးလို့ မညီညွတ်သေးတာ။ နောက်လည်း ဘယ်တော့မှ ညီမှာ မဟုတ်ပါဘူး။ လိုချင်တာလည်း ရဖို့ ဝေးသွားပါပြီ။
“အိပ်မက်ဖန်ဆင်းရှင်သို့”
မနက်ဖြန်တွေဟာ နင်ရော ငါရော ပိုင်ဆိုင်ခဲ့
ဖြူစင်ခြင်းရဲ့ စေတမာန်၊
အမှန်ဆုံး သစ္စာစကားနဲ့
ငါ့အချစ်စကားကို နာကြားလှည့်ပါ။
နင်ဟာ ငါ့ရဲ့ ရှင်ခြင်း သေခြင်း ပိုင်စိုးရာ စစ်တလင်းတစ်ခု
အိပ်မက်ဖန်ဆင်းရှင်မို့။
ဆူးငြိခံမဲ့ သတ္တဝါ
ငါဆိုတာ သေချာခဲ့ပြီပဲ။
(စက်ရုံ အလုပ်သမားတစ်ဦး)
၃.၁၂.၂၀၀၉

Subscribe to:
Posts (Atom)