သည်ခေတ်ကြီးနှင့် သည်လူတွေ

သည်ခေတ်ကြီးနှင့် သည်လူတွေ
နေရာရပ်တွင်၊ စည်းရိုးပျက်နှင့်
သက်ငယ်ယှက်မိုး၊ ဝါးထရံကျိုးဖြင့်
အချိုးအဆစ်၊ မပြေပြစ်လည်း
ချစ်ဖြော့မှေးမှိန်၊ သည်စံအိမ်ကို
တစ်ကြိမ်တစ်ခေါက်၊ ဧည့်သည်ရောက်တိုင်း
လျောက်ပတ်ချေငံ၊ သူဆက်ဆံလို့
တုန့်ပြန်ပေးကြ၊ တည်းခိုခဖြင့်
ဘဝတိုက်ပွဲ ဝင်နေတကား...။
အော်...အရင်းရှင်စနစ်၊ လွှမ်းမိုးခဲ့သည့်
ခေတ်၏အမွေ၊ ပဋိသန္ဓေတို့
လူ့မြေမရောက်၊ လမ်းတွင်ပျောက်ပြီ
ကမောက်ကမ၊ ဒီဘဝမှာ
နွမ်းလျနွမ်းစွာ၊ ဝမ်းတထွာကြောင့်
သပြာကြေးပြား၊ ချေးကစား၍
သွေးသားပေးယူ၊ မူမတူလည်း
လူသတ်နေပြီမဟုတ်လော...။   ။
မောင်ဆွေနွယ်
၁၉၆၃-ခု အောက်တိုဘာလ အမှတ် (၁၉) ဗမာပြည်ကာနယ်ဇင်း မှ..

ကဲ Shortcut နဲ့ သုံးကြမယ်ဆိုရင်တော့....

မိမိကွန်ပြူတာကို Shortcut နဲ့သုံးပြီး လေ့လာရင် ပိုမြန်နိုင်ပါတယ်။
download here! ဒီမှာ ဒေါင်းပြီး
ဖတ်စေချင်ပါတယ်....

Hardisk ကို Partation လုပ်ချင်လျှင်

ဝယ်လာခဲ့တဲ့ Hardisk ကို Partation များလုပ်နိုင်ရန်
download here! ဒီမှာ ဒေါင်းပြီး
ဖတ်လိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်။

BO GYOKE AUNG SAN

ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အမှတ်တရ ကြေကွဲပုံရိပ်များကို ပုံနှင့်တစ်ကွ သီချင်းကို ဒီမှာသွားရောက် ကြည့်ရှုနိုင်ပါတယ်...

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ညီလာခံသို့ ပါတီကိုယ်စားလှယ်တစ်ဦး လေ့လာသူအဖြစ်

ဆွီဒင်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ညီလာခံသို့ ပါတီကိုယ်စားလှယ်တစ်ဦး လေ့လာသူအဖြစ် တက်ရောက်
ဒီမှာဖတ် ပါ