ဘာသာစကား (၂၄ ) မျိုးမှ မြန်မာဘာသာသို့ ဘာသာပြန်နိုင်

ကျနော့ကို မေးထားလို့ သိသလောက် ပြန်ဖြေပေးပါမယ်။ ကျနော်လည်း အားလုံးကိုတော့ မစမ်းသပ်ထားပါဘူး။
ဒါပေမယ့် ကျနော်အခု ပုံနှင့်တစ်ကွ ပြန်ရှင်းပေးထားပါတယ်။







အပေါ်မှာ ပြထားတဲ့ ပြောင်းလို့ရတဲ့ ဘာသာစကားတွေကို မြင်နိုင်ပါတယ်။ အားလုံးကတော့ မပြည့်စုံဘူးပေါ့လေ။ ကျနော်က လေ့လာနေတဲ့ သူတစ်ယောက်ပါ။ သူများတွေပြောတာ ကြားဖူးတယ်။ ကကြီးရေးဖို့ ကျောက်တံ သွေးနေတုန်းဆိုသလိုပေါ့။ အခုလို ဘလော့ဂ်ကို လာရောက်အားပေးတာ အများကြီး ကျေးဇူးတင်ပါတယ်။ ဒီ နေရာမှာ မေးထားတာကို ပြန်ဖြေပေးထားတာပါ။

ကနောင် Converter

မိမိစက်ထဲမှာရှိနေတဲ့ ဇော်ဂျီဖောင့်(သို့မဟုတ်) အခြားဖောင့် ဝင်းအင်းဝဖောင့် ဖြစ်စေ၊ မြန်မာသရီးဖောင့်ဖြစ်စေ အလွယ်တကူပြောင်းလဲလို့ရနိုင်တဲ့ ဖောင့်ကွန်ဗာတာလေးတစ်ခုပါ။ ပြောင်းလို့ရနိုင်တဲ့ ဖောင့်အမျိုးအစားတွေကို သိချင်ရင် ဖောင့်ကွန်ဗာတာမှာပါတဲ့ ဘယ်ညာနှစ်ဖက်စီက ဖောင့်အညွှန်းတွေကို မောက်စ်နဲ့ကလစ်ထောက်ပြီး ကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခုသတိပြုရမှာက ဇော်ဂျီကနေ ဝင်းအင်းဝပြောင်းချင်တယ်ဆိုပါစို့။ ဇော်ဂျီတော့ရှိပါရက်နဲ့ ဝင်းအင်းဝဖောင့် မရှိရင် မိမိပြောင်းလိုက်တဲ့ ၀င်းအင်းဝဖောင့်က စာတွေမြင်ရလိမ့်မည်မဟုတ်ပါ။ ဒီ့အတွက် ဖောင့်အမျိုးအစားတွေ ရယူထားဖို့ လိုအပ်ပါသည်။ ကဲ ဒီမှာ သွားဒေါင်းလိုက်ပါ။

အနှိုင်းမဲ့ ဆရာမေတ္တာ


အနှိုင်းမဲ့ ဆရာမေတ္တာ

ဆရာ့မေတ္တာ စမ်းရေပမာ
အေးချမ်းသော်လည်း
နွေမှာ ခမ်းတတ်သည်…
ဆရာမေတ္တာ ပန်းရွှေကြာ
သင်းပျံ့ပါလည်း
နေမှာ နွမ်းတတ်သည်…
ဆရာ့မေတ္တာ မီးအိမ်ပါ
ထွန်းလင်းသော်လည်း
တစ်ချိန် တစ်ခါ ငြိမ်းတတ်သည်…
နှိုင်းယှဉ်ပမာ မိုးကုတ်စက်ဝိုင်း
ကောင်းကင်ပြင်အလား
အဆုံးအစမရှိပါတကား…။
" ဆရာတွေရဲ့ မေတ္တာဟာ အနှိုင်းမရှိ ၊ အဆုံးမရှိကြောင်းကို ပုံဖော်လိုခြင်း။ "
5.Oct.2010 World Teachers Day
ဘန်နွန်းဘဝအရည်အသွေး
 မြှင့်တင်ရေး စာသင်ကျောင်းမှ -
 ဆရာမ မပိုးစန္ဒီ

ဘာသာစကား (၂၄ ) မျိုးမှ မြန်မာဘာသာသို့ ဘာသာပြန်နိုင်



     ဘာသာစကား (၂၄) မျိုးမှ မြန်မာဘာသာသို့ ဘာသာပြန်နိုင်ပါတယ်။ ဒီဆိုဒ်မှာ သွားကြည့်ပါ။  မြန်မာဘာသာသို့ ပြန်ဆိုမည့် သူများအတွက် လွယ်ကူ အဆင်ပြေစေပါသည်။ ၎င်း website မှ ဘာသာပြန်ပေးနိုင်တဲ့ ဘာသာ စကား (၂၄)မျိုးတို့မှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကား (၂၄)မျိုး ကို မြန်မာ ဘာသာသို့ ပြန်ဆိုနိုင်မည်ဖြစ်သည်။ ၎င်းဆိုဒ်မှ ကူးယူဖော်ပြထားပါတယ်။ ကော်ပီတွေ များတယ်နော့ .... ဟဲဟဲ။ အမှန်ကတော့ ကျနော်ရဲ့ မှတ်တမ်းတစ်ခုလိုမျိုးပဲ သဘောထားပြီး တင်နေတာပါ။ ကျေးဇူးတင်ပါတယ်။

City FM - 9

ကျနော်လည်း ဘလော့ဂ်မတင်ဖြစ်တာ ကြာသွားတယ်။ အလုပ်မအားတာလည်းပါတယ်။ ကွန်ပြူတာနဲ့ ဝေးနေတာလည်းပါတယ်။ အခုတော့ Myanmarmp3 album site ကနေတွေ့လို့ City Fm-9 ကိုပြန်တင်ထားပေးပါတယ်။ အားလုံးနားဆင်ကြည့်ကြပါ။