တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား အငြင်းပွားရေပိုင်နက် အနီးတွင် တောင်ကိုရီးယားရေတပ်စစ် သင်္ဘော Cheonan ကို နစ်မြှုပ်စေခဲ့သော ပေါက်ကွဲမှုတွင် မြောက်ကိုရီးယား ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း ဖြစ်နိုင်ခြေများကို တောင်ကိုရီးယား က ပယ်ချခဲ့ခြင်းမရှိဘဲ စစ်တပ်ကို တပ်လှန့်ထားရန် သမ္မတလီမြောင်ဘတ်က ညွှန်ကြားခဲ့သည်။
ယောနယ်တွင် နွေရာသီသွားလာရေးအတွက် ကိုယ့်အားကိုယ်ကိုး ၀ါးတံတားလေးများကို အားကိုးသွားရ
ပွင့်လင်းရာသီရောက် ချိန်တွင် ယောနယ်၌ သွားရေးလာရေး အဆင်ပြေစေရန် ချောင်းကူး၊ မြစ်ကူးဝါး တံတားလေးများဖြင့် ကိုယ့်အားကိုယ်ကိုးပြု လုပ်ကာ သွားလာနေရကြောင်း သိရသည်။
သင်္ကြန်တွင်းကုသိုလ်ရေးနှင့် ပျော်မွေ့ကြမည့်အနုပညာရှင်များ
မြန်မာနှစ်သစ်ကူးသင်္ကြန်အခါသမယသို့ မကြာမီကာလအတွင်း ရောက်ရှိတော့မည်။ သင်္ကြန်ကာလတွင် ဖျော်ဖြေရေးအဖြစ်တစ်မျိုး၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲ၍တဖုံ ပုံစံအမျိုးမျိုးဖြင့်ဆင်နွှဲကြမည့် အနုပညာရှင်များရှိနေသကဲ့သို့ ယခုနှစ်သင်္ကြန်ချိန်ခါတွင်တရားစခန်းဝင်ခြင်း၊ ရဟန်းဘောင်ဝင်ခြင်းအစရှိသည့် ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းရန် စီစဉ်နေကြသူများလည်းရှိနေကြပြန်သည်။ မြန်မာနှစ်သစ်ကူးကာလတွင် ဟိန်းဝေယံ၊ သင်ဇာဝင့်ကျော်၊ မေကဗျာ၊ မင်းသွေး၊နိုဘယ်လ်ကျော်ကျော်၊ မိုးအောင်ရင်၊ မမများအဖွဲ့၊ ရတနာခင်၊ ဒါရိုက်တာကြည်ဖြူသျင်စသည့် အနုပညာရှင်အချို့သည် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ တရားစခန်းဝင်ခြင်း၊ သာသနာ့ဘောင်သို့ ၀င်ရောက်ခြင်းစသည့် ကုသိုလ်ကောင်းမှုအဖုံဖုံဖြင့် သင်္ကြန်ကာလအားဖြတ်ကျော်ရန် စီစဉ်လျက်ရှိရာ . . . .
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအသင်းသို့ ၀င်ရောက်မည့် အသင်းသားအသစ်များ ပါတီနိုင်ငံရေးကင်းရှင်းမှသာ ၀င်ခွင့်ပြုမည်
နေပြည်တော် မြို့နယ်သစ် ငါးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံးများ တစ်ပြိုင်တည်းဖွင့်မည်
နေပြည်တော် ခရိုင်မြို့နယ်သစ် ငါးခုရှိ အုပ်ချုပ်ရေးရုံးများအား သိဏ်းကုမ္ပ ဏီ၊ ဒိုင်းမွန်းမာကျူရီကုမ္ပဏီ၊ အော်ရီဂျင် နယ်ဂရု(ပ်)၊ A1 နှင့် TZTN ကုမ္ပဏီများမှ တာဝန်ယူတည်ဆောက်ပေးခဲ့သည်။
Subscribe to:
Posts (Atom)

