မဲဆောက်ဒေသတွင် အလုပ်သမားများ လက်မှတ်မရှိ၍ ဖမ်းခံခြင်းများနှင့် ကြုံတွေ့နေခြင်း

၈.၁.၂၀၁၁ ရက်နေ့ ညနေ (၄း၀၀)ခန့်တွင် ကွမ်ရုံ(စက်ချုပ်ရုံ) တွင် တောမောင်းများသည် မြန်မာ လုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်၊ လက်မှတ်များစစ်ဆေးရာ မည်သည့်အထောက်အထားမှ မရှိသဖြင့် မြန်မာအလုပ်သမား (၁၁၀) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ကျား (၃၀) ဦးကျော်နှင့် မ (၇၀)ဦး ခန့် ဖြစ်ပါတယ်။ ရဲစခန်းတွင် စစ်ဆေးပြီး အချုပ်ခန်းတွင်းသို့ ပို့ဆောင်ခဲ့ပါတယ်။ ၎င်းညတွင်းချင်းပင် အလုပ်သမားများ အစားအစာမစားရသေးသောကြောင့် အလုပ်သမားအဖွဲ့မှ မားမားပြုတ်ကျော်နှင့် ထမင်းများကို ဗူးနှင့်ထည့်၍ သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။